News

POST TYPE

POPULAR POST

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်းသို့ ဓာတ်ဆီပုလင်းဗုံး ပစ်သွင်းသူမှာ စိတ်ကျန်းမာရေး ဝေဒနာရှင်ဟုဆို
ရန်ကုန်၊ ဖေဖော်ဝါရီ ၂

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်းသို့ ဓာတ်ဆီပုလင်းဗုံး ပစ်သွင်းခဲ့သော ဦးဝင်းနိုင်ဆိုသူမှာ ဒဂုံမြို့သစ် မြောက်ပိုင်း၊ ၅၁ ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး စိတ်ကျန်းမာရေး ဝေဒနာရှင်တစ်ဦးသာ ဖြစ်ကြောင်း မြောက်ဒဂုံ ရဲစခန်းထံမှ သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၂ ရက် နံနက် ၃ နာရီခန့်က ဖမ်းဆီးခဲ့သော ဦးဝင်းနိုင် မြကျွန်းသာတွင် လုံခြုံရေးညစောင့်ဝန်ထမ်း လုပ်ကိုင်နေသူ ဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူ အသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။

ယင်းဖမ်းဆီးခံရသူမှာ စိတ်ကျန်းမာရေး ဝေဒနာရှင် ဟုတ် မဟုတ် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်မေးမြန်းရာ “မိတာတော့မှန်ပါတယ်။ ဒါပေမယ့် စစ်ဆေးဆဲဖြစ်လို့ အတိအကျ ထုတ်ပြန်လို့မရသေးပါဘူး”ဟု ရဲအရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

ဓာတ်ပုံ - Zayar Myatkhaing FB