News

POST TYPE

POPULAR POST

မြစ်ကြီးနား ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရ
23-Jan-2018 tagged as မြစ်ကြီးနား KBZ


မြစ်ကြီးနား၊ ဇန်နဝါရီ ၂၃

မြစ်ကြီးနားဈေးကြီး ပထမထပ်ရှိ ကမ္ဘောဇဘဏ် မီနီဘဏ်သို့ ယနေ့ (ဇန်နဝါရီ ၂၃ ရက်) ဘဏ်ပိတ်ချိန်နောက်ပိုင်း မွန်းလွဲ ၃ နာရီကျော်ခန့်က လူ (၄) ဦး ရုတ်တရက် ဝင်ရောက်လာပြီး အသင့်ယူဆောင်လာသော လက်နက်များဖြင့် ဘဏ်ဝန်ထမ်းများကို ခြိမ်းခြောက်ကာ ဘဏ်မှ ငွေကျပ် သိန်း ၉၂၀ ကျော်ကို လုယူထွက်ပြေးသွားကြောင်း ယင်းဘဏ်က ထုတ်ပြန်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကမ္ဘောဇဘဏ်အနေဖြင့် မြစ်ကြီးနားမြို့၊ အမှတ် (၁) ရဲစခန်းသို့ ဥပဒေနှင့်အညီ အမှုဖွင့် တိုင်ကြားထားပြီးဖြစ်ကြောင်း လုယက်သွားသူများအား အလျင်အမြန် ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် ရဲဌာနမှ ကြိုးပမ်းဆောင်ရွက်နေကြောင်း ယင်းဘဏ်ထံမှ သိရှိရသည်။

R-06