News

POST TYPE

POPULAR POST

ငမိုးရိပ်ချောင်းကမ်းစပ်တွင် လည်ပင်းညှစ်သတ်ခံထားရသည့် မိန်းကလေးတစ်ဦး၏ ရုပ်အလောင်းတွေ့
21-Jan-2018

ရန်ကုန်၊ ဇန်နဝါရီ ၂၁

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၃၃ ရပ်ကွက်၊ ငါးမာန်အောင်ဘုရားလမ်း၊ ငမိုးရိပ်ချောင်းဘေး ဖူဆယ်မိုးလုံ လေလုံ အားကစားရုံအနီးရှိ ချောင်းရေကျော်တံတားအစပ်တွင် ဇန်နဝါရီလ ၂၁ ရက် နံနက် ၆ နာရီခွဲက အောက်ပိုင်း အဝတ်ဗလာဖြင့် လည်ပင်းညှစ်သတ်ခံထားရသော မိန်းကလေးတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လည်ပင်းညိုမဲစွဲပြီး မျက်နှာဖူးရောင် ဒဏ်ရာများဖြင့် သေဆုံးနေသော အသက် ၂၅ နှစ်ဝန်းကျင်ရှိ မိန်းကလေး၏ ရုပ်အလောင်းကို ရပ်ကွက်နေသူများက စတင်မြင်တွေ့ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က စုံစမ်းဆောင်ရွက်ခဲ့ရာ သေဆုံးသူမှာ ဒဂုံမြို့မ ရဲစခန်းတွင် လူပျောက်အမှတ်စဉ် ၁/၂၀၁၈ ဖြင့် တိုင်ချက်ဖွင့်ထားသူဖြစ်ကြောင်း သိရှိခဲ့သည်။

“အသတ်ခံရတဲ့ ကောင်မလေးက မနေ့က အနောက်ပိုင်းခရိုင်မှာရှိတဲ့ ဒဂုံမြို့မ ရဲစခန်းမှာ လူပျောက်တိုင်ချက် ဖွင့်ထားသူလို့ သိရတယ်။ ဘာကြောင့် အသတ်ခံရတာလဲ ပြစ်မှုဘယ်သူ ကျူးလွန်ခဲ့တာလဲဆိုတာ အမြန်ဆုံး ဖော်ထုတ် အရေးယူနိုင်ဖို့ အမှုနဲ့ ပတ်သက်ဆက်နွယ်မှုရှိသူတွေကို လတ်တလော စစ်ဆေးမေးမြန်းမှုတွေ ဆောင်ရွက်နေပါတယ်။”ဟု ရဲအရာရှိက ပြောသည်။

S-03