News

POST TYPE

POPULAR POST

ပန်းပင်ပေါင်း နှစ်သိန်းနီးပါးဖြင့် ပြင်ဦးလွင် ပန်းပွဲတော်စတင်
17-Dec-2017


မန္တလေး၊ ဒီဇင်ဘာ ၁၆

ပြင်ဦးလွင် မြို့တွင် နှစ်စဉ်ကျင်းပမြဲ ဖြစ်သည့် ပန်းပွဲတော်ကို ၁၂ ကြိမ်မြောက်အဖြစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ ပန်းပင်ပေါင်း နှစ်သိန်းနီးပါး ပြသမည်ဖြစ်သည်။

“ဒီနှစ်မှာဆိုရင် နိုင်ငံခြားပန်း မျိုးစိတ်ပေါင်း ၄၈ မျိုးကို ခင်းကျင်းထားပါတယ်။ ပန်းပင် အရေအတွက်အနေနှင့်ကတော့ လေးသိန်းနှင့် ခုနစ်သောင်းကျော်လောက် ရှိပါတယ်။ ဒီနှစ်မှာ အရင်နှစ်တွေလို တစ်လလုံး မပြနိုင်ဘူးဆိုတာက မိုးများလို့ပါ။ ကျွန်တော်တို့ တန်ဆောင်မုန်းလထဲကတည်းက ဒီပန်းတွေ စိုက်ပြီးခဲ့ပေမယ့် မိုးကြောင့် ပျက်စီးကုန်ပါတယ်။ ခုပြထားတာက သုံးကြိမ်မြောက် စိုက်ထားရတာပါ”ဟု ကန်တော်ကြီး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပန်းပွဲတော်တွင် ပြသထားသည့် ရုံးလုံးရုပ်ကြွများကို ပန်းအတုများဖြင့် ထွင်ထုထားခြင်းဖြစ်ပြီး ပန်းပြကွက်များကို ပန်းအစစ်များဖြင့် စိုက်ပျိုးထားခြင်း ဖြစ်သည်။

ပန်းပွဲတော်ကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ဒီဇင်ဘာလကုန်အထိ ပြသသွားမည်ဖြစ်သည်။

M-04

  • VIA