News

POST TYPE

POPULAR POST

အိပ်ပျော်နေရင်း အဆီကျနိုင်မယ့် နည်းလမ်း (၅) ခု
04-Sep-2016

သင်က ကိုယ်အလေးချိန်ချဖို့ ကြိုးစားနေသူ တစ်ယောက်ဆိုရင် ညအချိန်မှာ အိပ်နေရင်းနဲ့ အဆီကျနိုင်မယ့် ဒီနည်းလမ်း (၅) ခုက သင့်အတွက် စိတ်ဝင်စားစရာ ဖြစ်ပါလိမ့်မယ်။

(၁) မအိပ်ခင် မစ်ခ်ရှိတ် တစ်ခုခုသောက်ပါ

ညအိပ်ခါနီး သွားရည်စာ တစ်ခုခု စားတတ်တဲ့ အကျင့် ရှိတယ်ဆိုရင် ပရိုတိန်းဓာတ် ကြွယ်ဝတဲ့ မစ်ခ်ရှိတ်တွေ အသင့် ဆောင်ထားပါ။ ဖလော်ရီဒါပြည်နယ် တက္ကသိုလ်ရဲ့ သုတေသန တွေ့ရှိချက်အရ မအိပ်ခင် ပရိုတိန်းဓာတ် ၃၀ ဂရမ်လောက်ပါတဲ့ မစ်ခ်ရှတ် တစ်ခုခု သောက်တဲ့သူတွေက မသောက်တဲ့သူတွေထက် မနက် အိပ်ရာ ထချိန်မှာ ကယ်လိုရီ ပိုလောင်ကျွမ်းပါတယ်။

(၂) လုံးဝ အမှောင်ချပြီး အိပ်ပါ

သင့်ရဲ့ အခန်းက မီးမှိတ်ထားလည်း ပြင်ပက အလင်းရောင်တွေ ဝင်နိုင်တယ်ဆိုရင် လုံးဝ အမှောင်ကျနေအောင် ကန့်လန့်ကာ အထူတွေ ကာထားပါ။ အလင်းရောင်ရှိတဲ့ အရာ မှန်သမျှ ပိတ်ပါ။ မှောင်အတိကျနေတဲ့ နေရာမှာ အိပ်တဲ့အခါ သင့်ခန္ဓာကိုယ်က မယ်လာတိုနင်လို့ခေါ်တဲ့ ဟော်မုန်း တစ်မျိုး ထုတ်လုပ်ပါတယ်။ ဒီဟော်မုန်းက ကယ်လိုရီဓာတ်တွေ ပိုလောင်ကျွမ်းစေဖို့လည်း အားပေးပါတယ်။

(၃) အခန်း အပူချိန် လျှော့ပါ

အေးမြတဲ့နေရာမှာ အိပ်တဲ့အခါ အဆီတွေ ပိုမို လောင်ကျွမ်းပါတယ်။ အေးတဲ့အခန်းထဲမှာ အိပ်တာက နွေးထွေးတဲ့အခန်းမှာ အိပ်တာထက် ကယ်လိုရီ ခုနစ် ရာခိုင်နှုန်း ပိုမို လောင်ကျွမ်းတယ်လို့ ကျန်းမာရေး စာစောင် တစ်ခုဖြစ်တဲ့ Diabetes မှာ ဖော်ပြထားပါတယ်။

(၄) ဖုန်းတွေ ပိတ်ထားပါ

အိပ်ရာမဝင်ခင်မှာ သင့်အခန်းထဲမှာ ရှိသမျှ ဖုန်း၊ ကွန်ပျူတာ ၊ တက်ဘလက်နဲ့ တီဗီ အစရှိတဲ့ ဖန်သားပြင်ပါတဲ့ လျှပ်စစ်ပစ္စည်း မှန်သမျှကို ပိတ်ထားပါ။ အဲဒီပစ္စည်းတွေက ထွက်တဲ့ ရောင်ခြည် တစ်မျိုးက ခန္ဓာကိုယ်ရဲ့ မယ်လာတိုနင်ဓာတ် ထွက်ရှိမှုကို အနှောက်အယှက် ပေးတဲ့အတွက် ကိုယ်တွင်း လုပ်ဆောင်ချက်ကို ထိခိုက်စေပါတယ်။

(၅) အိပ်ရေး ဝဝအိပ်ပါ

ညကျရင် ကောင်းကောင်း အိပ်မယ်လို့ ကြံရွယ်ထားပေမယ့် ကိစ္စအမျိုးမျိုး ပေါ်လာပြီး အိပ်ချိန် နည်းသွားတယ်ဆိုရင် သင့်ကို သတင်းကောင်း တစ်ခု ပြောပြပါရစေ။ တစ်ညကို ၇ နာရီကနေ ၈ နာရီကြား အိပ်တဲ့လူတွေ နေ့ခင်းဘက်မှာ ထိုင်နေရင်တောင် အဲဒီလောက် မအိပ်တဲ့လူတွေထက် ကယ်လိုရီ ပိုလောင်ကျွမ်းတယ်လို့ ကျန်းမာရေး စာစောင် American Journal of Clinical Nutrition ရဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။

Ref : rd.com


  • VIA