News

POST TYPE

POPULAR POST

ထီလက်မှတ်အတုဖြင့် ဆုငွေ ကျပ်သိန်း ၅၀၀၀ လာထုတ်သူကို အရေးယူ
08-Nov-2017

ရန်ကုန်၊ နိုဝင်ဘာ ၈

အောင်ဘာလေထီရုံးတွင် ထီလက်မှတ်အတုဖြင့် ဆုငွေ ကျပ်သိန်း ၅၀၀၀ လာထုတ်သည့် အမျိုးသမီး တစ်ဦးကို ယနေ့ (နိုဝင်ဘာလ ၈ ရက်)တွင် ကျောက်တံတားမြို့နယ်တရားရုံး၌ ရာဇသတ်ကြီး ပုဒ်မ ၄၆၈ ဖြင့် တရားစွဲဆိုပေးပါရန် ဦးတိုက် လျှောက်ထားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့က ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်းရှိ အောင်ဘာလေထီရုံးသို့ အသက် ၆၁ နှစ် ဒေါ်စောဝင်းဖြူမှ ရောက်ရှိလာပြီး ခြောက်ကြိမ်မြောက် ထီလက်မှတ် အမှတ် ကခ ၂၀၁၁၈၃ ဖြင့် ဆုငွေ ကျပ်သိန်း ၅၀၀၀ လာထုတ်ခဲ့သည်။

ယင်းထီလက်မှတ်ကို စစ်ဆေးရာ အတုဖြစ်နေသောကြောင့် ဆုငွေ လာထုတ်သူ ဒေါ်စောဝင်းဖြူကို အတုပြုလုပ်မှု ပုဒ်မ ၄၆၈ ဖြင့် တရားစွဲဆိုပေးပါရန် ကျောက်တံတားမြို့နယ်တရားရုံးတွင် အောင်ဘာလေ သိန်းဆုဌာနခွဲမှ ဒုညွှန်မှူး ဒေါ်အိအိခိုင်က တိုင်ကြားခဲ့သည်။

S-03

  • VIA