News

POST TYPE

POPULAR POST

အရှည် ၅၉ ပေခန့်ရှိ ရှေးဟောင်းသစ်ထွင်းလှေတစ်စီး တွေ့ရှိ
07-Oct-2017 tagged as

တောင်ငူ၊ အောက်တိုဘာ ၇

အရှည် ၅၉ ပေခန့်၊ လုံးပတ် ၁၂ ပေကျော်ရှိသည့် ရှေးဟောင်းသစ်ထွင်းလှေတစ်စီးကို နေပြည်တော်၊ လယ်ဝေးမြို့နယ် ပြည်ဝင်ကျေးရွာအုပ်စု သရက်ကုန်းကျေးရွာအနီး ပုလွေးချောင်းထဲမှ ယနေ့ (အောက်တိုဘာလ ၇ ရက်) နံနက်ပိုင်းက တူးဖော်ရရှိခဲ့ကြောင်း ယင်းကျေးရွာနေသူများထံမှ သိရှိရသည်။

“တူးနေတာ သုံးရက်ရှိပြီ။ ဆင်တွေဘာတွေနဲ့ မနည်းတူးလိုက်ရတယ်။ ဒီနေ့ (အောက်တိုဘာ ၇ ရက်) မနက် ပွဲတွေဘာတွေပေးပြီး တူးလိုက်တော့မှ ရေပေါ်ရောက်တယ်။ လက်ရှိလှေကို သရက်ကုန်းကျေးရွာဘုန်းကြီးကျောင်းမှာ ထိန်းသိမ်းဖို့ စီစဉ်နေတယ်” ဟု သရက်ကုန်း ဒေသခံ ဒေါ်သက်သက်မော်က ပြောကြားသည်။

ယခင်ကလည်း အဆိုပါ ပုလွေးချောင်းတွင်းမှ ရှေးဟောင်းသစ်ထွင်းလှေကြီးတစ်စင်း တူးဖော်ရရှိခဲ့ဖူးပြီး ယခုသရက်ကုန်း ကျေးရွာနားမှ မဟုက်ဘဲ ကူသပိတ်ကျေးရွာအုပ်စု ရွှေအုန်းပင်ကျေးရွာ အနောက်မြောက်ဘက် ပုလွေးချောင်းထဲမှ တူးဖော်ရရှိခဲ့ခြင်း ဖြစ်သည်။

R-15
ဓာတ်ပုံ - ဒေါ်သက်သက်မော်

  • TAGS