News

POST TYPE

POPULAR POST

တူရကီ - မြန်မာ ဟက်ကာများ သဘောတူညီမှု ပျက်ပြယ်
05-Sep-2017 tagged as

တူရကီနှင့် မြန်မာနိုင်ငံတို့အကြားဖြစ်ပွားနေသည့် ဆိုက်ဘာတိုက်ပွဲများ ရပ်တန့်ရန် ၂ ဖက် ဟက်ကာအဖွဲ့များသဘောတူညီမှုမှာ စက်တင်ဘာ ၄ ရက် ည ၁၀ နာရီခန့်ကပျက်ပြယ်သွားပြီဖြစ်သည်။


မြန်မာဟက်ကာများဘက်မှ အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာဖြင့် ပြောဆိုမှုများကို တူရကီဟက်ကာများဘက်မှ မြန်မာဟက်ကာများ တူရကီကို တောင်းပန်ပြီဟု ရေးသားဖော်ပြမှုကြောင့် ယင်းသို့ သဘောတူညီချက် ပျက်ပြယ်ခဲ့ခြင်း ဖြစ်သည်ဟု UGMH မြန်မာ ဟက်ကာအဖွဲ့က ပြောဆိုလိုက်သည်။


မြန်မာဘက်မှ အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုမှုတွင် Sorry ဟုသာ သုံးစွဲထားပြီး တူရကီဟက်ကာများက Apologize ဟု ဖော်ပြခဲ့ခြင်း ဖြစ်သည်။


စက်တင်ဘာ ၄ ရက် ည ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် နောက်ဆုံးသိရသည့် သတင်းများအရ တူရကီနှင့် မြန်မာ အကြား ဆိုက်ဘာတိုက်ပွဲများ ဆက်လက် ဆင်နွှဲနေမည်ဖြစ်ကြောင်း မြန်မာဟက်ကာများက တုံ့ပြန်ကြေငြာချက်ထုတ်ပြန်လိုက်ပြီဖြစ်သည်။


  • TAGS