News

POST TYPE

POPULAR POST

ဆန်းချက်ဇ်ကိုခေါ်ယူရေးတွင် ကစားသမား အလိုက်ပေးမည့် အစီအစဉ်ကို မန်စီးတီး ပြန်လည်ရုပ်သိမ်း
30-Aug-2017
မန်ချက်စတာ၊ သြဂုတ် ၃၀

မန်စီးတီးအသင်းသည် အာဆင်နယ်တိုက်စစ်မှူး ဆန်းချက်ဇ်ကို ခေါ်ယူရေးတွင် ကစားသမားအလိုက်ပေးမည့် အစီအစဉ်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီဖြစ်ပြီး ၎င်းတို့အနေနှင့် ဆန်းချက်ဇ်အတွက် ငွေသားသီးသန့် ကမ်းလှမ်းမှုမျိုးကိုသာ လုပ်ဆောင်သွားတော့မည်ဖြစ်ကြောင်း မန်စီးတီးအသင်းတာဝန်ရှိသူတစ်ဦးက ဖွင့်ဟအသိပေးသွားခဲ့သည်ဟု Mail Online က ဖော်ပြထားသည်။

မန်စီးတီးသည် ကစားသမား အပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းရန် သုံးရက်အလိုတွင် ဆန်းချက်ဇ်ကို ခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေးအပြင် ကွင်းလယ်ကစားသမား စတာလင်းကိုပါ အလိုက်ပေးရန် ပြင်ဆင်လာခဲ့ပြီး အာဆင်နယ်ဘက်က ၎င်းတို့အနေနှင့် စတာလင်းအစား အဂူရိုကို အလိုက်ရရှိမည်ဆိုပါက ဆန်းချက်ဇ်ကို ချက်ချင်း ရောင်းထုတ်ပေးလိုက်မည်ဟု ထုတ်ဖော် အသိပေးလာခဲ့အပြီးတွင် ကစားသမား အလိုက်ပေးမည့် အစီအစဉ်ကို မန်စီးတီးက ပြန်လည် ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။

အာဆင်နယ်သည် ဆန်းချက်ဇ်ကို တစ်ပတ်လုပ်ခလစာ အကျိုးခံစားခွင့် ပေါင်သုံးသိန်းအထိ တိုးမြှင့်ပေးချေကာ စာချုပ်သစ်ချုပ်ရန် ကမ်းလှမ်းခဲ့သော်လည်း ဆန်းချက်ဇ်ဘက်က ၎င်းအနေနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရ အသင်းတစ်သင်းထံသို့သာ ပြောင်းရွှေ့ခွင့်ရလိုကြောင်း ထုတ်ဖော်ပြောကြားကာ စာချုပ်သစ်ကို ငြင်းဆန်လိုက်အပြီးတွင် ၎င်းကို ရောင်းထုတ်ရန် အာဆင်နယ်အသင်းတာဝန်ရှိသူများက ဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်။

အာဆင်နယ်သည် ဆန်းချက်ဇ်ကို ခေါ်ယူရန်အတွက် မန်စီးတီးဘက်က ငွေသားသီးသန့် ပေါင်သန်း ၅၀ ဖြင့် ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချထားပြီဖြစ်ပြီး အပြောင်းအရွှေ့ဈေးကွက် မပိတ်သိမ်းမီတွင် ပြောင်းရွှေ့ကြေး ပမာဏကို ပေါင် ၇၅ သန်းဝန်းကျင်သို့ တိုးမြှင့်ပေးကာ ဆန်းချက်ဇ်ကို ခေါ်ယူရေးအတွက် မန်စီးတီးက တစ်ကျော့ပြန်လည် ကြိုးပမ်းရန် ပြင်ဆင်လျက်ရှိသည်။

ဆန်းချက်ဇ်သည် လက်ရှိတွင် ချီလီလက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ကမ္ဘာ့ဖလား ခြေစစ်ပွဲများ ယှဉ်ပြိုင်ကစားရန် လေ့ကျင့်ရေး ဆင်းနေပြီး အပြောင်းအရွှေ့ အထမြောက်ခဲ့ပါက လိုအပ်သည်များ သွားရောက် လုပ်ဆောင်ရန်အတွက် ၎င်းကို ခွင့်ရက်အနည်းငယ်ပေးပါရန် ချီလီလက်ရွေးစင် အသင်းနည်းပြ ပစ်ဇ်ဇီထံ ဆန်းချက်ဇ်က ခွင့်တောင်းထားပြီလည်းဖြစ်သည်။


  • VIA