News

POST TYPE

POPULAR POST

ရခိုင့်အရေး အများကြီး အလေးထားဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
07-Aug-2017 tagged as ရခိုင်

အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်လာသော ရခိုင်ပြည်နယ်တွင် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အများကြီး အလေးထား ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ (သြဂုတ်လ ၇ ရက်) တွင် ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ မြေတိုင်ကန်ကျေးရွာတွင် ယင်းကျေးရွာလူထုနှင့် ပြုလုပ်သည့် ကျေးလက်လူထု စကားဝိုင်း ဆွေးနွေးပွဲတွင် ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

“ဒီကိစ္စ (ရခိုင်ပြည်နယ်အရေး)ဟာ တစ်တိုင်းပြည်လုံးတင်မကဘူး။ တစ်ကမ္ဘာလုံးကလည်း စိတ်ပါဝင်စားတဲ့ကိစ္စဖြစ်လို့ ကျွန်မတို့ အများကြီးပဲ အလေးထားပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ရခိုင်ပြည်နယ် အရေးကိစ္စများ သာမက ပြည်တွင်းငြိမ်းချမ်းရေးကိစ္စများ၊ အစိုးရ လုပ်ဆောင်ချက်များကို သတင်းစာ၊ ရုပ်မြင်သံကြားများမှတစ်ဆင့် အသိပေးလျက် ရှိသဖြင့် ပြည်သူများအနေနှင့် သတင်းစာဖတ်ကြရန်၊ ရုပ်မြင်သံကြား ကြည့်ရှုကြရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသည်။

ဓာတ်ပုံ - ကျော်စိုးမိုး