News

POST TYPE

POPULAR POST

မြေပဲထောပတ်ကို သုံးပြီး ထောင်ဖောက်ပြေး
04-Aug-2017 tagged as

အမေရိကန် ပြည်ထောင်စု အလဘားမား ပြည်နယ်မှာ ထောင်သား ၁၂ ယောက် အချုပ်ဖောက်ပြေးမှု ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ထောင်သားတွေ သုံးသွားတဲ့ နည်းကတော့ ဥမင်လိုဏ်ခေါင်းတွေ၊ တူရွင်းတွေ မဟုတ်ဘဲနဲ့ မြေပဲထောပတ်ယို ဖြစ်ပါသတဲ့။ ဝေါ်ကာစီရင်စုနယ် ထောင်ထဲက အကျဉ်းသားတွေဟာ မြေပဲထောပတ်ယို ကို သုံးပြီးတော့ အပြင်ထွက်တဲ့ အပေါက်ကို အကျဉ်းသား အခန်းတံခါးဖြစ်အောင် ဆင်ယင်ထားတာ ဖြစ်ပါတယ်။ အတွေ့အကြုံမရှိသေးတဲ့ ထောင်ဝန်ထမ်းသစ်ကို အကျဉ်းသားက သူ့အခန်းတံခါး ဖွင့်ပေးပါဆိုပြီး အပြင်ထွက်တဲ့အပေါက်ကို ပြခဲ့ပါတယ်။ ထိန်းချုပ်ခန်းထဲကနေ ဖွင့်ပေးလိုက်တဲ့အခါ အကျဉ်းသား ၁၂ ဦးဟာ ရုတ်တရက် ထွက်ပြေးကြပြီး စောင်ကိုသုံးပြီးတော့ အကျဉ်းထောင်တံတိုင်းကို ကျော်ပြီး ထွက်ပြေးသွားကြပါတယ်။ ၁၀ မိနစ်အတွင်းမှာ အဆိုပါ အဖြစ်အပျက် ဖြစ်ပွားခဲ့တာ ဖြစ်ပါသတဲ့။ ထောင်ဖောက်ထွက်ပြေးကြပြီးတော့ ၈ နာရီအတွင်းမှာပဲ အကျဉ်းသား ၁၁ ဦးကို ပြန်လည် ဖမ်းမိခဲ့ပါသတဲ့။ အသက် ၂၄ နှစ်အရွယ် အကျဉ်းသား ဘရက် ဒီကီပက်ထရစ်ကိုတော့ မမိသေးပါဘူး။ သူက မူးယစ်ဆေးဝါး အကျဉ်းသားဖြစ်ပါတယ်။ ရဟတ်ယာဉ်သုံးပြီး လိုက်လံ ရှာဖွေနေကြပြီးတော့ နောက်ဆုံး အကျဉ်းသားကို ဖမ်းဆီးရမိဖို့ သတင်းပေးမယ်ဆိုရင် ဆုငွေဒေါ်လာ ၅၀ဝ ပေးမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

F-02

  • TAGS