News

POST TYPE

POPULAR POST

သာသနာရေးဝန်ကြီးသမီး၏ ဖေ့ဘုတ်အကောင့်ကို ပိတ်သိမ်း
01-Aug-2017 tagged as Facebook

ရန်ကုန်၊ သြဂုတ် ၁

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၏ သမီးဖြစ်သူ ဒေါ်နှင်းစံပယ်အောင်ကို၏ ဖေ့ဘုတ်အကောင့် Hnin Sabel Aung Ko ကို ပိတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သာသာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်သည်။ 

Hnin Sabel Aung Ko ၏ Facebook အကောင့်နှင့် ပတ်သတ်၍ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ဇူလိုင်လ ၂၅ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဖခင်ဖြစ်သူ ဦးသူရဦးအောင်ကိုနှင့် မနှင်းစံပယ်အောင်ကိုတို့၏ ဂုဏ်သိက္ခာနှင့် ဝန်ကြီးဌာန၏ ဂုဏ်သိက္ခာ ကျဆင်းစေရန် မလိုလားသူများက ဒေါ်နှင်းစံပယ်အောင်ကိုအမည် Facebook အကောင့်တုများစွာဖြင့် မမှန်မကန် လှုံ့ဆော်ရေးသားနေမှုများကြောင့် မူရင်းသုံးစွဲသူ၏ အကောင့်ကို ပိတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

J-09