News

POST TYPE

POPULAR POST

ကျိုင်းတုံ တပ်မတော်ဆေးရုံကြီးတွင် H1N1 ဖြစ်ပွားသူ နှစ်ဦးတွေ့
01-Aug-2017 tagged as ကျိုင်းတုံ H1N1

(ပုံစာ - ကျိုင်းတုံမြို့ မြို့မဈေးကြီးတွင် ဇူလိုင် ၂၈ ရက်က အရပ်ဘက် လူမှုအဖွဲ့အစည်းများက H1N1 ကာကွယ်ရေး အသိပညာပေး အစီအစဉ်အဖြစ် Mask များနှင့် လက်ကမ်းစာရွက်များ ဝေငှနေသည်ကို တွေ့ရစဉ်)

ကျိုင်းတုံ၊ သြဂုတ် ၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ခုတင် ၃၀၀ ဆံ့ တပ်မတော်ဆေးရုံကြီးတွင် ဇူလိုင်လ ၃၁ ရက်နေ့က H1N1 ဖြစ်ပွားသူ နှစ်ဦး တွေ့ရှိကြောင်း တပ်မတော် အသိုင်းအဝိုင်းနှင့် ကျန်းမာရေး အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

ကျိုင်းတုံမြို့ အမှတ် (၁၁) တပ်မတော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း၌ တက်ရောက်နေသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်အချို့ ဖျားနာ၍ ဆေးကုသရာမှ အဆိုပါ တပ်ဖွဲ့ဝင်နှစ်ဦးတွင် H1N1 ရောဂါပိုး တွေ့ရှိထားခြင်း ဖြစ်ပြီး လက်ရှိတွင် သီးသန့်အခန်းအတွင်း ထားရှိ၍ ကုသနေကြောင်း ၎င်းတို့က ပြောဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော် ခုတင် ၃၀၀ ဆေးရုံကြီးမှ တပ်မှူးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး မျိုးဦးကို The Voice က အတည်ပြု မေးမြန်းရာ အတည်ပြု ဖြေကြားပေးခြင်း မပြုနိုင်ကြောင်း ပြန်လည်ပြောဆိုသည်။ 

“ကျိုင်းတုံတပ်မတော်ဆေးရုံကြီးမှာ H1N1 နဲ့ လူနာနှစ်ဦး တွေ့ရှိလို့ သီးသန့်အဆောင်မှာထားပြီး ကုသနေတယ် ဆိုတာ ဟုတ်ပါတယ်။ သူတို့သင်တန်းတက်နေတဲ့ သင်တန်းကျောင်းမှာလည်း ကာကွယ်မှုတွေ လုပ်နေပါတယ်။ ရှမ်းအရှေ့က ပြည်သူ့ဆေးရုံတွေမှာတော့ H1N1 ရောဂါ ဖြစ်ပွားသူ မရှိသေးပါဘူး” ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေး န်ကြီး ဒေါက်တာမျိုးထွန်းက အတည်ပြု ပြောဆိုသည်။

R-16