News

POST TYPE

POPULAR POST

တန်ဖိုးနည်းအိမ်ရာ ဝယ်သူမိသားစု ဝင်ငွေ တစ်လ အနည်ဆုံး ၃ သိန်းရှိရမည်
17-Jul-2017
နေပြည်တော်၊ ဇွန်၁၇

ဆောက်လုပ်ရေးဝန်ကြီးဌာနက နိုင်ငံ့ဝန်ထမ်းများ အပါအဝင် ပြည်သူများအတွက် ရောင်းချပေးမည့် တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများကို ဝယ်မည့် မိသားစုသည် တစ်လ အနည်ဆုံးဝင်ငွေ ၃ သိန်းရှိရမည်ဟု နေပြည်တော်ရှိ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် အကြီးတန်း မန်နေဂျာ ဒေါ်သက်သက်ခိုင်က ပြောကြားသည်။

ဝယ်ယူခွင့်ရရှိသူသည် ဘဏ်ကိုလာရောက်ပြီး ဘဏ်စုငွေသိန်း ၃ဝ မပြည့်သေးလျှင် ထပ်ဖြည့်ခိုင်းပြီး ဘဏ်မှကျန်ငွေကို ထုတ်ချေးသည်အပြင် ယခုလောလောဆယ်တွင် ဘဏ်ကို ချေးငွေ ဆပ်ရမည့်ကာလကို ၁၀ နှစ် သတ်မှတ်ထားသဖြင့် အတိုး အရင်းသည် တစ်လကို တစ်သိန်းနှစ်သောင်းကျပ်ခန့် ဖြစ်ကြောင်း၊ လစဉ် အတိုး အရင်းကို ပေးသွင်နိုင်ရန် အိမ်ရာ ဝယ်ယူသူ မိသားစုဝင်ငွေသည် အနည်ဆုံး ၃ သိန်းမှ ၅ သိန်းကျပ်ရှိရန် ဘဏ်က သတ်မှတ်ထားခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

ဝယ်ယူမည်သူသည့် ဘဏ်တွင် အကောင့်ဖွင့်ပြီး ကျပ်သိန်း ၃ဝ ပြည့်မှီရန်အတွက် တစ်လလျှင် အနည်ဆုံး တစ်သောင်းကျပ်မှ စုဆောင်းပြီး သိန်း ၃၀ ပြည့်သည့်အချိန်တွင် သတ်မှတ်ချက် စည်းကမ်းများနှင့်အညီ အိမ်ရာ ချပေးထာသည်ဟု ၎င်းကဆိုသည်။

ဘဏ်တွင် စုဆောင်းငွေ သိန်း ၃၀ ပြည်သူများကို အိမ်ဝယ်ယူခွင့်အတွက် လျှောက်လွှာကို ဇူလိုင်လ ၁ဝ ရက်နေမှစပြီး ခေါ်ယူရာတွင် လျှောက်လွှာ ၁၀၀ ကျော် ရရှိထားသည်ဟု အိမ်ရာဖွံ့ဖြိုးရေးဌာန ညွှန်ကြားရေးမှူး ဒေါ်မီမီတင်က ပြောကြားသည်။

“အိမ်ရာတွေက အရမ်းကောင်းတယ်။ အခန်းအနေအထားတွေက မိသားစုနည်းတဲ့သူတွေအတွက်က ပြဿနာ မရှိဘူး။ မိသားစုများတဲ့သူကတော့ ကျဉ်းတယ်”ဟု ရွှေနံ့သာ အိမ်ရာအနီးတွင် နေထိုင်သူ အငြိမ်းစားကျောင်းဆရာ ဦးစံကြည်က ဆိုသည်။

နေပြည်တော်တွင် ကျပ်သိန်းပေါင်း ၁၃၆၉.၀၉ အကုန်အကျခံ တည်ဆောက်ထားသည့် ပထမဆုံးသော တန်ဖိုးမျှအိမ်ရာကို (၈ ခန်းတွဲ ၅ ထပ်တိုက် ၂ လုံး) ဇူလိုင်လ ၁၅ ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ စုံးစမ်း သိရှိရသည်။

T.L


  • VIA