News

POST TYPE

POPULAR POST

သပိတ်ကျင်းတွင် ဒေသခံပြည်သူများ ရွှေတူးဖော်နိုင်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်
16-Jul-2017
သပိတ်ကျင်း၊ ဇူလိုင် ၁၆

ရွှေသတ္ထု ထွက်ရှိရာဒေသ ဖြစ်သော မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် အုံးဇုံးကျေးရွာအုပ်စု ဇရပ်ကွင်းကျေးရွာ အမှတ် ၇ သီရိတံခွန်ရပ်ကွက်တွင် ဒေသခံပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီတစ်ခု ယနေ့ (ဇူလိုင်လ ၁၆ ရက်) က ဖွဲ့စည်းတည်ထောင်ခဲ့သည်။

ကုမ္ပဏီကို ဒေသခံ ဒါရိုက်တာအဖွဲ့ဝင် ၂၁ ဦးနှင့် လက်ရှိကော်မတီဝင် ၄၉ ဦးဖြင့် ဖွဲ့စည်းထားပြီး ဒေသခံပြည်သူများ ဆင်းရဲမှု ပပျောက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိရေး၊ လူမှုဘဝ ဖွံ့ြဖိုးတိုးတက်ရေး ဒေသအတွင်း ပညာရေး၊ ကျန်းမာရေး ဘာသာရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ရည်ရွယ်ဖွဲ့စည်းရခြင်း ဖြစ်သည်ဟု ယင်းကုမ္ပဏီ တာဝန်ရှိသူများက ဆိုသည်။

ဓာတ်ပုံ - တင်ဇော်ဦး

R-05