News

POST TYPE

POPULAR POST

မစ္စယန်ဟီးလီ လားရှိုးအကျဉ်းထောင်သို့ သွားရောက်လေ့လာမည်
10-Jul-2017
လားရှိုး၊ ဇူလိုင် ၁၀

မြန်မာနိုင်ငံသို့ ယနေ့ (ဇူလိုင်လ ၁၀ ရက်) ရောက်ရှိလာသည့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီသည် ဇူလိုင်လ ၁၄ ရက်တွင် လားရှိုးမြို့သို့ လေယာဉ်ဖြင့် သွားရောက်ပြီး လားရှိုးအကျဉ်းထောင်နှင့် စစ်ဘေးရှောင်စခန်းများသို့ လေ့လာမည် ဖြစ်သည်။

မစ္စယန်ဟီးလီသည် ဇူလိုင်လ ၁၄ ရက်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့နှင့် တွေ့ဆုံမည် ဖြစ်သည်။

ဇူလိုင်လ ၁၅ ရက်တွင် လားရှိုးမြို့မှ နမ္မတူမြို့သို့ ခရီးဆက်ကာ စစ်ဘေးရှောင်များ ရှိသည့် KBC စစ်ဘေးရှောင်စခန်း၊ Lisu စစ်ဘေးရှောင်စခန်း၊ Kyu Swat စစ်ဘေးရှောင်စခန်းများကို လေ့လာမည်ဖြစ်ပြီး နေ့လယ်ပိုင်းတွင် လားရှိုးသို့ ပြန်မည်ဖြစ်သည်။

R – 07