News

POST SECTION

POLITICAL

30-Jun-2018
မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ် မြန်မာဘက်ခြမ်းခြံစည်းရိုး ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ထံသို့ ကန့်ကွက်စာ ပေးပို့ထားပြီး နယ်စပ်စည်းမျဉ်းတစ်လျှောက် လုံခြုံရေးတင်းကျပ်ထားကြောင်း အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်မှ ရဲမှူးကြီးသိန်းဝင်းက ပြောကြားသည်။
28-Jun-2018
ဘဏ္ဍာရေးငွေ အလွဲသုံးသည်ဟုစွပ်စွဲကာ တိုင်ကြားခံရသော ရခိုင်ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း တာဝန်ထမ်းဆောင်ရန် သင့် [မသင့်ကို ဇွန်လ ၂၉ ရက်တွင် ပြည်နယ်လွှတ်တော်၌ အရေးပေါ် အစည်းအဝေး ခေါ်ယူကာ မဲခွဲဆုံးဖြတ်မည်ဖြစ်ကြောင်း လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြသန်းက ပြောသည်။
27-Jun-2018
ရခိုင်ပြည်နယ်အတွင်း နယ်မြေ ရှင်းလင်းရေး စစ်ဆင်ရေးများ၌ ဘင်္ဂါလီများအပေါ် ကျူးလွန်မှုများအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ဘက်ထိပ်တန်းအရာရှိကြီး ၈ ဦး၊ အရာရှိငယ် ၁ ဦးနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့အရာရှိ ၃ ဦးတို့ကိုအရေးယူရန် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ဇွန်လ ၂၇ ရက်နေ့ နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
24-Jun-2018
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟိုအလုပ်အမှုဆောင်နှင့် အရန်ဗဟိုအလုပ်အမှုဆောင် ၁၄ ဦးထပ်မံတိုးချဲ့၍ ဖွဲ့စည်းလိုက်ကြောင်း ယင်းပါတီ၏နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံအပြီး ထုတ်ပြန်ချက်အရ သိရသည်။
24-Jun-2018
ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့နယ်ရှိ ရိရေအိုင် သန့်ရှင်းသာယာလှပရေးအတွက် ရေအိုင်ဘေးပတ်လည်တွင် ဒေသခံများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ အမှိုက်ကောက်ခဲ့ကြောင်း ရိခေါဒါရ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
05-Jun-2018
ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် ဒုက္ခသည်များ ပြန်လည် လက်ခံရေး အစီအစဉ်တွင် ပူးပေါင်းပါဝင်ရန် မြန်မာအစိုးရနှင့် ကုလသမဂ္ဂ အဖွဲ့အစည်း နှစ်ခုတို့ ယနေ့ (ဇွန်လ ၆ ရက်)တွင် နားလည်မှုစာချွန်လွှာ (MoU) ထိုးသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာကိုကိုနိုင်က ပြောကြားသည်။
03-Jun-2018
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးကို ဇွန်လ ၃၀ ရက်တွင်ကျင်းပရန် လျာထားကြောင်း အပစ်ရပ် လက်မှတ်ထိုးထားသည့် အဖွဲ့များထံမှ သိရသည်။
21-May-2018
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ်မြောက် အစည်းအဝေးကို မေလမှ ဇွန်လသို့ ရွှေ့ဆိုင်းလိုက်ကြောင်း NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားအဖွဲ့များထံမှ သိရသည်။
20-May-2018
မြန်မာ့တပ်မတော်အပေါ် ကျရောက်နေသော နိုင်ငံတကာ ဖိအားပေးမှုများ ဆန့်ကျင်ရှုတ်ချပွဲကို မေလ ၂၁ ရက်မှစ၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အပါအဝင် မြို့သုံးမြို့တွင် ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါပွဲ ဦးဆောင်ကျင်းပမည့် အငြိမ်းစား တပ်မတော်သားများထံမှ သိရသည်။
19-May-2018
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးကို အစိုးရကဖိတ်ကြားလျှင် တက်ရောက်ရန် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ကို တရုတ်အစိုးရက တိုက်တွန်းလိုက်သည်။
16-May-2018
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးပါဝင်သည့် ထိပ်သီးညီလာခံတစ်ရပ်ကို လာမည့် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပပြီးစီးသည့်အချိန်တွင် ပြုလုပ်ရန်စီစဉ်ထားကြောင်း အဆိုပါ လက်နက်ကိုင်အဖွဲ့များထံမှ သိရသည်။
15-May-2018
ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ NCA လက်မှတ်ရေးထိုးရန် ထောက်ခံပွဲတစ်ရပ်ကို မေလ ၁၅ ရက်က ကယားပြည်နယ် လွိုင်ကော်မြို့တွင်း လှည့်လည်ပြုလုပ်ခဲ့ပြီး လူအင်အား သုံးသောင်းခန့် တက်ရောက်ခဲ့ကြောင်း အဆိုပါ အခမ်းအနား စီစဉ်သူများထံမှ သိရသည်။
13-May-2018
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် မေလ ၁၂ ရက်နေ့ နံနက်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း ဒဏ်ရာ ရရှိခဲ့သူများအနက်မှတစ်ဦးမှာ ဆေးရုံသို့ပို့ဆောင်စဉ် လမ်းခုလတ်၌ သေဆုံးခဲ့သည့်အတွက် လက်ရှိတွင် သေဆုံးသူ ၂၀ ဦးအထိရှိလာပြီဖြစ်ကြောင်း မူဆယ်မြို့ ကရုဏာလူမှုကူညီရေးအသင်းထံမှ စုံစမ်းသိရှိရသည်။
12-May-2018
မွန်လူမျိုးကို ကိုယ်စားပြုသည့် မွန်နိုင်ငံရေး ပါတီများဖြစ်သည့် မွန်အမျိုးသား ပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ ၂၀၁၈ ကုန်သည့်အထိ ပေါင်းစည်းမှု မပြုပါက မွန်ပြည်သစ်ပါတီအနေနှင့် နောက်ထပ် နည်းလမ်းသစ် ရှာမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်ဟံသာက ပြောဆိုသည်။
10-May-2018
ကချင်ပြည်နယ်တွင် တပ်မတော်နှင့် ကချင်လက်နက်ကိုင်တပ်ဖွဲ့ကြား ဖြစ်ပွားနေသော တိုက်ပွဲကြောင့် ပိတ်မိနေသူများ အန္တရာယ်ကင်းစွာ လွတ်မြောက်နိုင်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံး ကူညီဆောင်ရွက်ပေးရန် ရခိုင်အမျိုးသားပါတီ (ANP) က တောင်းဆိုသည်။