News

POST SECTION

POLITICAL

26-Aug-2018
NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးကို ပါတီစည်းကမ်းနှင့် အညီအရေးယူရန် ဩဂုတ်လ ၂၅ ရက်တွင်ကျင်းပသည့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြောင်း ဗဟိုကော်မတီဝင် ဒေါက်တာမျိုးညွန့်က ပြောသည်။
25-Aug-2018
မန္တလေးတိုင်းအစိုးရအဖွဲ့ဟောင်းက လက်ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ လွှဲပေးရန်ကျန်ရှိသည့် ကျပ်သန်းသုံးထောင်ခန့်ကို အရစ်ကျပြန်ပေးမည်ဟု စာပို့လာကြောင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မီဒီယာများကို ပြောကြားလိုက်သည်။
25-Aug-2018
ဗဟန်းမြို့နယ် Melia ဟိုတယ်တွင်ပြုလုပ်ရန် စီစဉ်ထားသော ရခိုင်အရေးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတစ်ခုကို ခွင့်ပြုချက်ရရှိမှသာ ပွဲကျင်းပခွင့်ရှိမည်ဟု မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက လာရောက်သတိပေးခဲ့ပြီးနောက် အဆိုပါဆွေးနွေးပွဲကိုလည်း ရွှေ့ဆိုင်းလိုက်ရကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။
22-Aug-2018
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုတွင် မော်တော်ယာဉ်ဖြင့် အောင်ဘာလေထီ လှည့်လည်ရောင်းချသည့် အမျိုးသား ၉ ဦးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့မှု ဩဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
22-Aug-2018
“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA) ဦးဆောင်သည့် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များ စုပေါင်းကာ မြန်မာ့ရေဘေးအတွက် ငွေကြေးကူညီထောက်ပံ့မည်ဖြစ်ကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။
20-Aug-2018
နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေဖြင့် တရားစွဲခံရသည့် ရိုက်တာသတင်းထောက်နှစ်ဦး၏အမှုကို ဩဂုတ်လ ၂၇ ရက်တွင် အပြီးသတ် အမိန့်ချမည်ဖြစ်ကြောင်း မြောက်ပိုင်းခရိုင်တရားရုံးထံမှ သိရသည်။
20-Aug-2018
ရခိုင်ပြည်နယ် နယ်စပ်ဒေသတွင် အကြမ်းဖက်သမားများ လှုပ်ရှားနေသည်ဟု သတင်းများရရှိထားသဖြင့် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ရဲအင်အား ၁၀၀၀ ခန့် တိုးမြှင့်ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ် ရဲမှူးကြီး အောင်မြတ်မိုးက ပြောကြားသည်။
19-Aug-2018
ARSA အဖွဲ့က ရခိုင်ပြည်နယ် မြောက်ပိုင်းကို အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် တစ်နှစ်ပြည့် အခမ်းအနားတစ်ခုကို ရခိုင်အမျိုးသားပါတီ (ANP) အနေနှင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါပါတီထံမှ သိရသည်။
08-Aug-2018
ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများတွင် အမျိုးသမီးများကို ဒုတိယညွှန်ကြားရေးမှူးချုပ်အထိ ရာထူးနေရာပေးထားကြောင်း ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောကြားသည်။
07-Aug-2018
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လုံးဝ ဖျက်သိမ်းကာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်ကို ရေးဆွဲရမည်ဖြစ်ကြောင်း ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ ဥက္ကဋ္ဌနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူ ဦးခွန်ထွန်းဦးက ပြောကြားသည်။
31-Jul-2018
တပ်မတော်နှင့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) အဖွဲ့တို့ စစ်ကိုင်းတိုင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်အတွင်း စစ်ရေးတင်းမာလျက်ရှိကြောင်း NSCN-K အဖွဲ့၏ထုတ်ပြန်ထားမှုအရ သိရသည်။
25-Jul-2018
လာမည့် ၂၀၁၈- ၁၉ ဘဏ္ဍာရေးနှစ်တွင် ကာကွယ်ရေး အသုံးစရိတ်အဖြစ် ကျပ်ဘီလီယံပေါင်း ၃၂၀၀ ကျော်တောင်းခံခဲ့ရာ ယခင်ဘဏ္ဍာရေးနှစ်ထက် ၅၇ ဒသမ ၁၁၄ ဘီလီယံကို တိုးမြှင့်တောင်းခံခဲ့ရကြောင်း ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောကြားသည်။
23-Jul-2018
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ဘင်္ဂါလီဒုက္ခသည်များ အရေးကိစ္စနှင့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးပိတ် ဆွေးနွေးပွဲတစ်ရပ်ကို တနင်္လာနေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း Daily Star သတင်းစာက ရေးသားဖော်ပြသည်။
21-Jul-2018
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့မှ ထိုင်းသံအမတ်ကြီးဟောင်းဖြစ်သူ မစ္စတာ Kobasal Churikul က နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း အဆိုပါ သံအမတ်ဟောင်း၏ ပြောကြားချက်ကို နိုင်ငံတကာ သတင်းဌာနများက ဖော်ပြခဲ့သည်။
18-Jul-2018
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်း ပူးပေါင်းအဖွဲ့ (TNLA, KIA, MNDA, AA)နှင့် RCSS/SSA တို့အကြား တိုက်ပွဲများဖြစ်ပွားနေသဖြင့် နမ္မတူမြို့နယ်အတွင်းရှိ ဒေသခံတစ်ထောင်ကျော်မှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း နမ္မတူမြို့ကျေးရွာ ၉ ရွာမှ နေရပ်စွန့်ခွာသူများကို ကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။