POST SECTION

POLITICAL

အပစ်ရပ်စာချုပ် (NCA) လက်မှတ် ရေးထိုးရေးအတွက် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နှင့်ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့ တရားဝင် တွေ့ဆုံ ဆွေးနွေးနေမှုတွင် အချက်လေးချက် သဘောတူညီမှု ရပြီဖြစ်ပြီး ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း အဆိုပါဆွေးနွေးပွဲမှ စုံစမ်းသိရသည်။
06-Aug-2017 tagged as မောင်တော
ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများဖြစ်သော ဘူးသီးတောင်၊ မောင်တောနယ်မြေရှိ ဒေသခံပြည်သူများကို ပြည်သူ့စစ်အသွင် ဖွဲ့စည်းပေးရန် ရခိုင်တိုင်းရင်းသားများက ဩဂုတ်လ ၆ ရက်နေ့တွင် ပြည်ထောင်စု အစိုးရထံ တောင်းဆိုလိုက်သည်။
ရခိုင်ပြည်နယ် မောင်တောဒေသတွင် အကြမ်းဖက်မှုများ ဆက်ရှိလာနိုင်ကြောင်း ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ယနေ့ (သြဂုတ်လ ၆ ရက်)ထုတ် အစီရင်ခံစာတွင် ဖော်ပြသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစည်းရိုး ကာရံမှု ၄၂မိုင် ကျန်ရှိနေသေးကြောင်း ဒုသမ္မတ(၁)ဦးမြင့်ဆွေ ဦးဆောင်သည့် ရခိုင်ပြည်နယ် မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ယနေ့ (သြဂုတ်လ ၆ ရက်)ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်၌ ဖြစ်ပေါ်နေသော အကြမ်းဖက် ဖြစ်စဉ်များအပေါ် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အပြည့်အဝ ဆောင်ရွက်နေကြောင်း အမျိုးသား လုံခြုံရေးနှင့် အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက The Voice သို့ ပြောကြားသည်။
05-Aug-2017 tagged as ဦးတင်ဦး
ကျန်းမာရေး တိုးတက်လာသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက သူရဦးတင်ဦးကို ဩဂုတ်လအတွင်း ဆေးရုံဆင်းခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကိုက ပြောကြားသည်။
03-Aug-2017 tagged as
အကျဉ်းထောင်များအတွင်း၌ သေဆုံးခဲ့သည့် နိုင်ကျဉ်းများနှင့် ထောင်အတွင်း ရရှိခဲ့သော ဒဏ်ရာများဖြင့် လွတ်မြောက်ပြီးချိန်တွင် သေဆုံးခဲ့ကြသည့် နိုင်ကျဉ်းများ၏ ဘဝမှတ်တမ်းကို ပြုစု၍ စာအုပ်ထုတ်ဝေရန် စီစဉ်နေကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့(FPPS)ထံမှ သိရသည်။
03-Aug-2017 tagged as
ဗုဒ္ဓဓမ္မဖောင်ဒေးရှင်းအဖွဲ့၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသော ၁၃၅ မျိုးချစ် ညီညွတ်ရေးပါတီ တရားဝင် ရပ်တည်ခွင့်ရရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ဩဂုတ်လ ၂ ရက်နေ့၌ သွားရောက် မှတ်ပုံတင်ကြောင်း ယင်းပါတီ ဦးဆောင်သူများထံမှ သိရသည်။
02-Aug-2017 tagged as ပုဒ်မ ၆၆ (ဃ)
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ကို လုံးဝ ပယ်ဖျက်ရေး အမျိုးသား လွှတ်တော် အစည်းအဝေးတွင် မဲခွဲ ဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ နည်းပါးခဲ့သည့်အတွက် ယင်းပြင်ဆင်ချက်မှာ ရှုံးနိမ့်ခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။
02-Aug-2017 tagged as NCA UNFC
အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နှင့် အပစ်ရပ် လက်မှတ် ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့များ ညီလာခံနှင့် ပတ်သက်သည့် အကြိုညှိနှိုင်း အစည်းအဝေး တစ်ရပ်ကို လာမည့် ဩဂုတ်လ ၃ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်တွင် ပြုလုပ်သွားမည်
လာမည့် သြဂုတ်လဆန်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ရွာသို့ လာရောက်၍ ကျေးလက်လူထုနှင့် စကားဝိုင်း ဆွေးနွေးမည်ဖြစ်သည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အစိုးရနှင့် အရပ်ဘက် ကျွမ်းကျင် ပညာရှင်များ ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ရုံးတွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲ တစ်ခုကို ဇူလိုင်လ ၂၉ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း ယင်းဆွေးနွေးပွဲတွင် ပါဝင်သူများထံမှ သိရသည်။
29-Jul-2017 tagged as ဒီမိုကရေစီ
လာမည့် ၂၉ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနားကို ရန်ကုန်မြို့ သင်္ကန်းကျွန်းရှိ ဓမ္မပီယကျောင်းတိုက်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းအခမ်းအနားတွင် ရှစ်လေးလုံး အထိမ်းအမှတ် ပြခန်းများလည်း ပြသသွားမည်ဖြစ်ကြောင်း ကျင်းပရေး ကော်မတီ ပြန်ကြားရေး တာဝန်ခံ ဦးအံ့ဘွယ်ကျော်က ပြောကြားသည်။
နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနအနေဖြင့် မျှော်မှန်းမထားသော စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
26-Jul-2017 tagged as တပ်မတော်
တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်မှုထမ်းများသာ သုံးစွဲခွင့်ရှိသည့် စစ်ဘက်ရာထူး၊ အဆင့်အခေါ်အဝေါ်များကို အခြားသော မသက်ဆိုင်သည့် အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များ၏ ကိစ္စရပ်များတွင် ခေါ်ဝေါ်သုံးစွဲခြင်း၊ ရေးသားဖော်ပြခြင်းများ မပြုလုပ်ရန် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတိပေးထုတ်ပြန်လိုက်သည်။