News

POST SECTION

POLITICAL

14-Sep-2016
ရခိုင်ပြည်နယ်လွှတ်တော်တွင် စစ်တွေမဲဆန္ဒနယ်မှ ပြည်နယ်လွတ်တော် ကိုယ်စားလှယ် ဦးကျော်ဇောဦး တင်သွင်းခဲ့သည့် မစ္စတာကိုဖီအာနန် ဦးဆောင်သော ကော်မရှင်ကို အသိအမှတ်မပြုရေး အရေးကြီးအဆိုကို ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့တွင် အတည်ပြုလိုက်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်
12-Sep-2016
"တချို့မေးခွန်းတွေက ကျွန်တော်ဖြေနိုင်တာ ရှိသလို ကျွန်တော်မဖြေနိုင်တာလည်း ရှိတယ်။ကျွန်တော်ဖြေနိုင်တာ ကျွန်တော်ဖြေပေးမယ်။ ကျွန်တော် မဖြေနိုင်တာကျတော့ သက်ဆိုင်ရာ ၀န်ကြီးဌာနကို မေးလို့ရပါတယ်။ အစိုးရအဖွဲ့ရဲ့ သဘောထားကျတော့ ကျွန်တော်ပဲဖြေမှာပါ"
12-Sep-2016
လက်ရှိ မြေပြင်တွင် ရှိနေသည့် တပ်မတော်၏ ထိုးစစ်ဆင်မှုများ အားလုံး အမြန်ဆုံး ရပ်တန့်၍ နိုင်ငံရေး ဆွေးနွေးမှုနည်းကို လက်တွေ့ ကျင့်သုံးရန် လက်မှတ်မထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNCF) က ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်သည်
12-Sep-2016
ဗြိတိန်နိုင်ငံတွင် ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၁ ရက်နေ့က လန်ဒန်မြို့ရှိ မြန်မာသံရုံး၌ ဥရောပဒေသ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကဒေသတို့မှ မြန်မာသံအမတ်ကြီး ၁၂ ဦးတို့နှင့် တွေ့ဆုံခဲ့ကြောင်း
11-Sep-2016
NLD ပါတီ ရှမ်းပြည်နယ် ဥက္ကဋ္ဌနှင့် တောင်ကြီးခရိုင် ပါတီဥက္ကဋ္ဌ အပါအဝင် ရှမ်းပြည်နယ် ပါတီထိပ်ပိုင်း ခေါင်းဆောင် လေးဦးအား CEC အစည်းအဝေး ဆုံးဖြတ်ချက်အရ ထုတ်ပယ်လိုက်ပြီ
10-Sep-2016
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) အစည်းအဝေးကို လာမည့် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျင်းပမည်
08-Sep-2016
နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် စက်တင်ဘာ ၈ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန်ကို လက်ခံတွေ့ဆုံရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သမ္မတရုံးမှ သတင်းထုတ်ပြန်ခြင်းဖြစ်သည်
08-Sep-2016
နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို အနှောင့်အယှက် ဖြစ်စေခြင်း၊ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည့် နောက်ယောင်ခံ စောင့်ကြည့်ခြင်း၊စုံထောက်ခြင်းနှင့် စုံစမ်းခြင်းတို့ကို တားမြစ်သည့်အချက်များ ပါဝင်သော ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်းကို လွတ်တော်သို့ တင်သွင်းလိုက်ပြီဖြစ်သည်
08-Sep-2016
“ဘယ်လိုပြန်ဖွဲ့တယ် ဆိုတာကတော့ နေပြည်တော်ကို မေးမှရမယ်။ကျွန်တော်တို့လည်း မသိဘူး။ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကတော့ လုံးဝမရှိသေးဘူး။အလုပ်အမှုဆောင်အဖွဲ့က ခွင့်ပြု့ထားတာတော့ မဟုတ်ဘူး။ကျွန်တော်ထံကိုတော့ တင်ပြထားတာ မရှိဘူး”
06-Sep-2016
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် ဖွဲ့စည်းခြင်းနှင့်ပတ်သက်သည့် ဦးအောင်ကျော်ဇံ၏ အရေးကြီးအဆိုကို ယနေ့(စက်တင်ဘာ ၆ ရက်)တွင် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်မဲများသဖြင့် ယင်းအရေးကြီးအဆိုမှာ ရှုံးနိမ့်သွားခဲ့သည်
06-Sep-2016
"ဒီပြဿနာတွေကို မျက်နှာချင်းဆိုင်ပြီး မျှမျှတတ ဖြေရှင်းဖို့နဲ့ ကျွန်မတို့ ပျက်ကွက်ခဲ့ကြပြီး မှန်ကန်တဲ့ အဖြေတစ်ခုကို မရှာဖွေနိုင်သေးပါဘူး။ ဒီကော်မရှင်က ကျွန်မတို့အတွက် ဒီပြဿနာ (ရခိုင်) ကို ဖြေရှင်းနိုင်မယ့် အဖြေတစ်ခုရဖို့ အကူအညီရမယ်လို့ မျှော်လင့်ပါတယ်"
04-Sep-2016
တပ်မတော်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတို့၏ သဘောထားသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ပြုပြင် ပြောင်းလဲရေးနှင့် ဆန့်ကျင်ဘက် ဖြစ်သောကြောင့် သဘောထား ရပ်တည်ချက်များ ပြောင်းလဲသင့်ပြီ
04-Sep-2016
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အလုပ် အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးတင်မောင်တိုးကို ပါတီစည်းမျဉ်း၊ စည်းကမ်းနှင့် မကိုက်ညီသည့်အတွက် ရာထူးမှ ထုတ်ပယ်
04-Sep-2016
ခွဲထွက် DKBA အဖွဲ့မှ ဗိုလ်နား မကြားဆိုသူသည် သြဂုတ်လ ၂၉ ရက်နေ့တွင် ပြန်ပေးဆွဲခံရသူ သစ်ခုတ်သမား တစ်ဦး၏ လုပ်ကြံမှုကြောင့် သေဆုံးခဲ့ပြီး နောက်နှစ်ရက် အကြာတွင် ခွဲထွက် (DKBA) တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်က ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်
03-Sep-2016
လာအိုနိုင်ငံတွင် ကျင်းပမည့် ၂၈ ကြိမ်မြောက်နှင့် ၂၉ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးပွဲများသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်