News

POST SECTION

POLITICAL

22-Nov-2016
“မိုင်းယု၊ နန့်ဟွယ်၊ မန့်မော် ကျေးရွာက ဒေသခံ ၃၀၀၀ ကျော်ကမူဆယ်မြို့ပေါ်ကို စစ်ဘေးရှောင်လာကြတယ်၊ မူဆယ်မြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေမှာ စစ်ဘေးရှောင်ပြည်သူတွေကို ထားရှိပေးထားပါတယ်။ အစားအစာအတွက်မပူရပေမဲ့ ဆောင်းတွင်းဆိုတော့ ခြုံထည်အနွေးစောင်တွေ အရေးကြီးလိုအပ်နေပါတယ်”
21-Nov-2016
"ကျွန်တော်တို့အနေနဲ့ကပါတီထိပ်ပိုင်းအထိပေါင်းစည်းဖို့မဟုတ်ဘဲ ကြားဖြတ်ရွေးကောက်ပွဲမှာ ကိုယ့်မြို့နယ်ကလစ်လပ်တဲ့တစ်နေရာရရှိဖို့ ပူးပေါင်းကြဖို့ ရည်ရွယ်တာပါ။ဒီပါတီသုံးခုက ကိုယ်စားလှယ်သုံးဦးကိုဒေသခံတွေထံချပြမယ်။ဒေသခံတွေစိတ်ကြိုက်ရွေးချယ်တဲ့တစ်ဦးကိုပဲ စုပေါင်းမဲထည့်ကြဖို့ ရည်ရွယ်တာပါ"ဟု ကျိုင်းတုံမြို့နယ် SNDP ဥက္ကဋ္ဌ ဒေါက်တာစိုင်းရွက်ဟောင်က ဆိုသည်
21-Nov-2016
KIA နှင့် TNLA လက်နက်ကိုင် ပူးပေါင်းအဖွဲ့များက မူဆယ်မြို့၏ တောင်ဘက် မိုင် ၂၀ ခန့် အကွာရှိ နမ့်အွန်ကျေးရွာအဝင် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ခရီးသည်နှင့် ကုန်တင်ယာဉ်များ သွားလာ၍ မရစေရန် ယာဉ်များပိတ်ဆို့ထားရှိခဲ့မှုကို ယနေ့ (နိုဝင်ဘာ ၂၁ ရက်) တွင် ရှင်းလင်းနိုင်ခဲ့ပြီ ဖြစ်ရာ ယာဉ်များ ပုံမှန်သွားလာနိုင်ပြီ ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်သည်။
21-Nov-2016
ရှမ်းပြည်မြောက်ပိုင်း မြန်မာ-တရုတ် နယ်စပ်အနီးရှိ မူဆယ်ကုန်သွယ်ရေးဇုန်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့က နိုဝင်ဘာလ ၂၀ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ရာမှ ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
18-Nov-2016
မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ နိုင်ငံတော်အဆင့် စုံစမ်း စစ်ဆေးရေးအဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက နိုဝင်ဘာလ ၁၈ ရက်နေ့က သတင်း ထုတ်ပြန်သည်။
18-Nov-2016
မောင်တော အကြမ်းဖက်မှုနှင့် ပတ်သက်၍ အစွန်းရောက် လှုပ်ရှားမှု ကွန်ရက် တစ်ခုကို ခြေရာခံမိပြီ ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက နိုဝင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်သည်။
18-Nov-2016
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးရန် ကြိုးပမ်းသည့် ဘင်္ဂါလီ ၇၂ ဦး ကို မြန်မာ့တပ်မတော်က ပစ်သတ်မှု သတင်းမှာ မှန်ကန်မှု မရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက နိုဝင်ဘာလ ၁၈ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။
18-Nov-2016
သူရဦးရွှေမန်း၏ ယုံကြည်အားထားရသော ရမည်းသင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင် အပါအဝင် ပြည်ထောင်စုကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ်နှစ်ဦးသည် NLD ကိုယ်စားလှယ် နှစ်ဦး၏ ကန့်ကွက်ခံရမှုကြောင့် လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ရပ်ဆိုင်းခဲ့သည်။
17-Nov-2016
ယခုနှစ် (၂၀၁၆-၂၀၁၇ ခုနှစ်) အစိုးရ၏ အသုံးစရိတ်အတွက် ပြည်ထောင်စု ဌာနအဖွဲ့အစည်းအလိုက် ကျပ်ဘီလီယံ ၁၃၅၄ ဒသမ ၆၁၄ ကို ဖြည့်စွက်ခွင့်ပြုငွေ အဖြစ် တောင်းခံထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။
17-Nov-2016
ရခိုင်ပြည်နယ်တွင် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာတွင် ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် တပ်ရင်းမှူးတစ်ဦး ကျဆုံးခဲ့ရသဖြင့် ရဟတ်ယာဉ်တစ်စီးဖြင့် စက်လတ်သုံးကာ နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ကြောင်း ဗိုလ်ချုပ်စိုးနိုင်ဦး (ရခိုင်ပြည်နယ် သတင်းထုတ်ပြန်ရေး ဒုတိယဥက္ကဋ္ဌ) က ပြောကြားသည်။
16-Nov-2016
နိုင်ငံအတွင်း ကုန်ဈေးနှုန်း မြင့်တက်နေမှုကို ကျဆင်းရန် ထိန်းချုပ်မည့် အစီအစဉ်အပေါ် လွှတ်တော်က မေးမြန်းချက်ကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာသန်းမြင့်က လာရောက် ဖြေကြား ခဲ့သော်လည်း လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် အပါအဝင် ကိုယ်စားလှယ်များက မကျေမနပ် ဖြစ်ခဲ့ကြကြောင်း ကိုယ်စားလှယ်များက ပြောကြားသည်။
16-Nov-2016
အကျင့် စာရိတ္တ မကောင်းပါက မည်သို့မျှ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံကို ထူထောင်နိုင်မည် မဟုတ်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
15-Nov-2016
ပြည်တွင်း အလုပ်သမားများ အနေနှင့် ပြည်ပ နိုင်ငံသား လုပ်ငန်းရှင်များ၏ ဖိနှိပ် ဆက်ဆံနေမှုများနှင့် ပတ်သက်၍ လုပ်ငန်းခွင် အခြေအနေများကို ဝင်ရောက် စစ်ဆေးမှု အားနည်းမှုအတွက် လာမည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးခွန်း သို့မဟုတ် အဆို တစ်ရပ်အဖြစ် တင်သွင်းရန် စီစဉ်ထားကြောင်း မင်္ဂလာဒုံ မြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်က ပြောကြားသည်။
14-Nov-2016
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U) အစည်းအဝေးကို လာမည့် နိုဝင်ဘာလ ၁၇ ရက်နေ့မှ စတင် ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။
10-Nov-2016
စစ်ရေး တင်းမာမှု ဖြစ်နေသည့် မိုင်းလား ဒေသသို့ လာမည့် ရက်သတ္တ တစ်ပတ်အတွင်း အစိုးရက ဖွဲ့စည်းထားသော ငြိမ်းချမ်းရေး ကော်မရှင် သွားရောက်၍ ညှိနှိုင်းမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ကော်မရှင် အကြံပေးဖြစ်သူ ဦးလှမောင်ရွှေက ပြောကြားသည်။