News

POST SECTION

POLITICAL

28-Nov-2016
၂၀၁၇ ခုနှစ် ဧပြီလတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်လျက်ရှိသည့် အမ်းမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်နေရာတွင် ANP ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီဗဟိုကော်မတီနှင့် ဒေသခံများက ရွေးချယ်ခဲ့ကြကြောင်း ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက ပြောသည်။
27-Nov-2016
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ စင်ကာပူနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနထံမှ သိရသည်။
27-Nov-2016
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌဖြစ်သူ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ရက်ပိုင်းအတွင်း (နိုဝင်ဘာလကုန်) တွင် ရခိုင်ပြည်နယ်သို့ သွားရောက်မည် ဖြစ်ကြောင်း အဆိုပါ ကော်မရှင်ထံမှ သိရသည်။
26-Nov-2016
ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တရုတ်နိုင်ငံ နယ်စပ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေသည့် ကာလတွင် ဒေါက်တာတင်မျိုးဝင်း ခေါင်းဆောင်သည့် ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်များ တရုတ်နိုင်ငံသို့ နိုဝင်ဘာလ ၂၆ ရက်နေ့က သွားရောက်ကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။
25-Nov-2016
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုးတို့ နေပြည်တော်တွင် ယနေ့ (နိုဝင်ဘာလ ၂၅ ရက်နေ့) ညနေတွင် တွေ့ဆုံမည် ဖြစ်ကြောင်း KNU ခေါင်းဆောင်ပိုင်းထံမှ သိရသည်။
24-Nov-2016
နောင်တွင် ကျင်းပမည့် နိုင်ငံတော် အခမ်းအနားများကို လူထုနှင့် နီးစပ်ပြီး လူထုက ကျင်းပသော အခမ်းအနားများအဖြစ် ကျင်းပသွားမည်
24-Nov-2016
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် လဝက ဦးစီးမှူးရုံး၌ ယနေ့ (နိုဝင်ဘာ ၂၄ ရက်) မွန်းလွဲ ၃ နာရီခွဲက ပေါက်ကွဲသံ ထွက်ပေါ်ခဲ့သဖြင့် တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ အသေးစားဗုံး ငါးလုံး ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း The Voice သတင်းထောက်က သတင်းပေးပို့သည်။
24-Nov-2016
မူဆယ်ခရိုင်အတွင်း ဖြစ်ပေါ်နေသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းမှန်များကို အချိန်နှင့် တပြေးညီ ထုတ်ပြန်ပေးနေသောကြောင့် ကောလာဟလ သတင်းများအပေါ် မစိုးရိမ်ကြရန် မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ယနေ့ (နိုဝင်ဘာ ၂၄ နေ့) က ကြေညာချက် ထုတ်ပြန်လိုက်သည်။
22-Nov-2016
“မိုင်းယု၊ နန့်ဟွယ်၊ မန့်မော် ကျေးရွာက ဒေသခံ ၃၀၀၀ ကျော်ကမူဆယ်မြို့ပေါ်ကို စစ်ဘေးရှောင်လာကြတယ်၊ မူဆယ်မြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေမှာ စစ်ဘေးရှောင်ပြည်သူတွေကို ထားရှိပေးထားပါတယ်။ အစားအစာအတွက်မပူရပေမဲ့ ဆောင်းတွင်းဆိုတော့ ခြုံထည်အနွေးစောင်တွေ အရေးကြီးလိုအပ်နေပါတယ်”
21-Nov-2016
"ကျွန်တော်တို့အနေနဲ့ကပါတီထိပ်ပိုင်းအထိပေါင်းစည်းဖို့မဟုတ်ဘဲ ကြားဖြတ်ရွေးကောက်ပွဲမှာ ကိုယ့်မြို့နယ်ကလစ်လပ်တဲ့တစ်နေရာရရှိဖို့ ပူးပေါင်းကြဖို့ ရည်ရွယ်တာပါ။ဒီပါတီသုံးခုက ကိုယ်စားလှယ်သုံးဦးကိုဒေသခံတွေထံချပြမယ်။ဒေသခံတွေစိတ်ကြိုက်ရွေးချယ်တဲ့တစ်ဦးကိုပဲ စုပေါင်းမဲထည့်ကြဖို့ ရည်ရွယ်တာပါ"ဟု ကျိုင်းတုံမြို့နယ် SNDP ဥက္ကဋ္ဌ ဒေါက်တာစိုင်းရွက်ဟောင်က ဆိုသည်
21-Nov-2016
KIA နှင့် TNLA လက်နက်ကိုင် ပူးပေါင်းအဖွဲ့များက မူဆယ်မြို့၏ တောင်ဘက် မိုင် ၂၀ ခန့် အကွာရှိ နမ့်အွန်ကျေးရွာအဝင် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ခရီးသည်နှင့် ကုန်တင်ယာဉ်များ သွားလာ၍ မရစေရန် ယာဉ်များပိတ်ဆို့ထားရှိခဲ့မှုကို ယနေ့ (နိုဝင်ဘာ ၂၁ ရက်) တွင် ရှင်းလင်းနိုင်ခဲ့ပြီ ဖြစ်ရာ ယာဉ်များ ပုံမှန်သွားလာနိုင်ပြီ ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်သည်။
21-Nov-2016
ရှမ်းပြည်မြောက်ပိုင်း မြန်မာ-တရုတ် နယ်စပ်အနီးရှိ မူဆယ်ကုန်သွယ်ရေးဇုန်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့က နိုဝင်ဘာလ ၂၀ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ရာမှ ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
18-Nov-2016
မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ နိုင်ငံတော်အဆင့် စုံစမ်း စစ်ဆေးရေးအဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက နိုဝင်ဘာလ ၁၈ ရက်နေ့က သတင်း ထုတ်ပြန်သည်။
18-Nov-2016
မောင်တော အကြမ်းဖက်မှုနှင့် ပတ်သက်၍ အစွန်းရောက် လှုပ်ရှားမှု ကွန်ရက် တစ်ခုကို ခြေရာခံမိပြီ ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက နိုဝင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်သည်။
18-Nov-2016
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးရန် ကြိုးပမ်းသည့် ဘင်္ဂါလီ ၇၂ ဦး ကို မြန်မာ့တပ်မတော်က ပစ်သတ်မှု သတင်းမှာ မှန်ကန်မှု မရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက နိုဝင်ဘာလ ၁၈ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။