၂၀၂၀ ရွေးကောက်ပွဲအတွက် မဲစာရင်း သုံးလအတွင်း ကောက်ယူသွားမည် 24-Jun-2019 လာမည့် ၂၀၂၀ အထွေထွေရွေး ကောက်ပွဲ ကျင်းပပြုလုပ်ရန်အတွက် မဲဆန္ဒရှင်စာရင်းကို လာမည့်သုံးလအတွင်း ကောက်ယူသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။ MORE
တိုက်ပွဲဖြစ်ပွားမှု နည်းလာခြင်းသည် ရလဒ်ကောင်းဟု တပ်မတော်ဆို 03-Jun-2019 စစ်ဆင်ရေး ရပ်ဆိုင်းထားသည့် တိုင်းစစ်ဌာနချုပ်နယ်မြေ ၅ ခုတွင် မေလအတွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ငါးကြိမ်သာဖြစ်ခဲ့ခြင်းသည် တိုက်ပွဲလျော့ကျလာခြင်းဖြစ်သောကြောင့် ရလဒ်ကောင်းဟုထင်မြင်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၊ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားသည်။ MORE
အခြေခံဥပဒေ ပုဒ်မလေးခုပြင်ရန် ကြံ့ခိုင်ရေးပါတီ လွှတ်တော်သို့ ယနေ့တင်မည် 28-May-2019 အခြေခံဥပဒေတွင်ပါသော ပုဒ်မလေးခုကိုပြင်ဆင်ရန် မေ ၂၉ (ယနေ့) ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန်ရှိကြောင်း လွှတ်တော်၏လျာထားချက်တွင် တွေ့ရှိရသည်။ MORE
လာမည့်ဇွန်လဆန်းတွင် ချက်နိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်မည် 24-May-2019 မြန်မာနိုင်ငံ၏နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်ဇွန်လဆန်းတွင် ချက်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်လိမ့်မည်ဖြစ်ကြောင်း Radio.cz ဝက်ဘ်ဆိုက်က ဖော်ပြထားသည်။ MORE
ပင်လုံညီလာခံ မအောင်မြင်ခြင်းသည် သူ့မူ ကိုယ့်မူ မလျှော့တမ်း ဆုပ်ကိုင်ထားခြင်းကြောင့်ဟုဆို 15-May-2019 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ၂၁ ရာစု ပင်လုံညီလာခံကို သုံးကြိမ်တိုင် ကျင်းပနိုင်ခဲ့သော်လည်း ပြောပလောက်သည့် အောင်မြင်မှု မရရှိခဲ့ခြင်းသည် အစုအဖွဲ့အားလုံးက သူ့မူကိုယ့်မူကို မလျှော့တမ်း ဆုပ်ကိုင်ထားခြင်းကြောင့်ဖြစ်ကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားလိုက်သည်။ MORE
ရသေ့တောင် စာသင်ကျောင်းတွင် ထိန်းသိမ်းခံနေရသူ အားလုံးပြန်လွတ် 14-May-2019 ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာ စာသင်ကျောင်းတွင် ထိန်းသိမ်းထားသူအားလုံးကို ယနေ့ (မေ ၁၃ ရက်) ပြန်လွှတ်ပေးလိုက်သည်ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။ MORE
ရှမ်းလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ အပစ်အခတ်ရပ်စဲကြောင်း ကြေညာ 11-May-2019 တိုက်ပွဲဖြစ်ပွားနေသည့် ရှမ်းလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ဖြစ်သော ရှမ်းပြည် တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့ နှစ်ဖက်အပစ်ရပ်စဲကြောင်း ပူးတွဲကြေညာချက်ကို မေလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။ MORE
ရခိုင်ဒေသတွင် ထိုးစစ်ဆင်နေမှုများ ရပ်တန့်ပေးရန် အရပ်ဘက်အဖွဲ့အစည်း ၃၀ဝ ခန့်တောင်းဆို 24-Apr-2019 ရခိုင်ဒေသ၌ တပ်မတော်က ထိုးစစ်ဆင်နေမှုများအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် ထိုးစစ်များရပ်တန့်ပေးရန် ရခိုင်အရပ်ဘက် အဖွဲ့အစည်း ၂၉၀ ကျော် ပါဝင်သော ရခိုင်ပြည်လုံးဆိုင်ရာ လူမှုအဖွဲ့အစည်းများ မိတ်ဖက်အဖွဲ့က ဧပြီ ၂၃ ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုလိုက်သည် MORE
ကာ/လုံ ဖျက်သိမ်းမည့် ပြင်ဆင်ချက် ရခိုင်ပါတီ တင်ပြ 23-Apr-2019 အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ (ကာလုံ) ဖွဲ့စည်းပေးထားသော အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို ဖျက်သိမ်း၍ ယင်းအဖွဲ့၏ ဆုံးဖြတ်ပေးရမည့် အခွင့်အာဏာကို နိုင်ငံတော်သမ္မတ တစ်ဦးတည်း၏ လုပ်ပိုင်ခွင့်အဖြစ်သို့ သက်ရောက်စေမည့် ပြင်ဆင်ချက်ကို ရခိုင်အမျိုးသားပါတီက တင်သွင်းထားကြောင်း ယင်းပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံက ပြောသည်။ MORE
ရိုက်တာသတင်းထောက်နှစ်ဦး အယူခံ တရားလွှတ်တော်ချုပ်ရုံးတွင် ဧပြီ ၂၃ အမိန့်ချမည် 20-Apr-2019 ရိုက်တာသတင်းထောက် နှစ်ဦးအယူခံ ဧပြီ ၂၃ ရက် နေပြည်တော် တရားလွှတ်တော်ချုပ်ရုံးတွင် အမိန့်ချမှတ်မည်ဟု သတင်းထောက်နှစ်ဦးရှေ့နေ့ ဦးသန်ဇော်အောင်က ပြောကြားသည်။ MORE
ဦးနေမျိုးဇင် အာမခံ လျှောက်ထားမှု ပယ်ချ ခံရ 19-Apr-2019 ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံဆန္ဒပြပွဲတွင် တပ်မတော်၏ ဂုဏ်သိက္ခာနှင့်ပုံရိပ်ကျဆင်းစေရန်နှင့် ပြည်သူလူထု အထင်အမြင် လွဲမှားစေရန် ရည်ရွယ်ဟောပြောခဲ့သည်ဟုဆိုကာ တရားစွဲခံရသော ဦးနေမျိုးဇင်၏ အာမခံလျှောက်ထားမှုကို တိုက်ကြီးမြို့နယ်တရားရုံးက ပယ်ချ၍ အင်းစိန်ထောင်သို့ ပို့လိုက်သည်။ MORE
ရိုက်တာ သတင်းထောက်နှစ်ဦး၏ အယူခံ နေပြည်တော်တရားလွှတ်တော်ချုပ်ရုံးတွင် နှစ်ဖက်လျှောက်လဲချက်ပေး 26-Mar-2019 ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရသည် ရိုက်တာသတင်းထောက် သက်ဦးမောင် (ခ) ကိုဝလုံးနှင့် ကိုကျော်စိုးဦး၏အယူခံကို နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၌ မတ်လ ၂၆ ရက်နေ့က နှစ်ဖက်လျှောက်လဲချက်ပေးခဲ့ကြောင်း သတင်းထောက်နှစ်ဦးရှေ့နေ့ ဦးသန်းဇော်အောင်က ပြောကြားသည် MORE
မြောက်ဦးတွင် စတင်ပစ်ခတ်သူမှာ မိမိတို့မဟုတ်ကြောင်း တပ်မတော်နှင့် AA နှစ်ဖွဲစလုံး ငြင်းဆို 19-Mar-2019 ရှေးဟောင်း ယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့၌ မတ်လ ၁၈ ရက်နေ့ ညနေပိုင်းအချိန်က ပစ်ခတ်မှုဖြစ်စဉ်တွင် စတင်ပစ်ခတ်သူမှာ မိမိတို့မဟုတ်ကြောင်း တပ်မတော်နှင့် AA နှစ်ဖွဲ့စလုံးက ငြင်းဆိုလိုက်ကြသည်။ MORE
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး တည်ဆောက်ရေးလုပ်ငန်းများကို AA အဖွဲ့တိုက်ခိုက် 10-Mar-2019 ရခိုင်ပြည်နယ်အတွင်းရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုး တည်ဆောက်ရေးလုပ်ငန်းများကို ဦးတည်ကာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA က တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက မတ်လ ၁၀ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။ MORE
ကြံ့ခိုင်ရေးက ဆန်လျှော့ဈေးဖြင့် မြို့နယ်တိုးရောင်းမည် 02-Mar-2019 မန္တလေးတိုင်းအတွင်းရှိ မြို့နယ် ၆ မြို့နယ်တွင် ဆန်ကို ပြင်ပပေါက်ဈေးထက်လျှော့၍ ရောင်းချပေးနေခြင်းကို မြို့နယ် ထပ်တိုးရောင်းပေးမည်ဖြစ်ကြောင်း ယင်းတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။ MORE
LATEST NEWS 18-Jan-2021 ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် အမျိုးသမီးနှင့် လူငယ်များ ပါဝင်မှုကို အလေးထားဆောင်ရွက်ရန် တိုက်တွန်း 18-Jan-2021 ရန်ကုန်တိုင်းလွှတ်တော် တတိယအကြိမ် အစည်းအဝေး ဖေဖော်ဝါရီလ ၉ ရက်နေ့ စမည် 18-Jan-2021 အမေရိကန်ဒေါ်လာ သန်း ၂၀ဝ ဖြင့် မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ ဖြိုးရေးချေးငွေစီမံကိန်း ဆောင်ရွက်မည် 18-Jan-2021 ဂျိုးဘိုင်ဒင် သမ္မတအဖြစ်ကျမ်းမကျိန်မီ ထရမ့်ထောက်ခံသူများ လက်နက်ကိုင်ဆန္ဒပြအုံကြွမှုများ ဖြစ်လာနိုင်သည့်အတွက် ပြည်နယ် ၅၀ စလုံးတွင် တပ်လှန့်ထား 18-Jan-2021 လှည်းကူးတွင် စိုက်ပျိုးရေးပညာ အခမဲ့သင်တန်းကျောင်းဖွင့်မည် 18-Jan-2021 မြန်မာလုပ်သားများကို ခွဲခြားဆက်ဆံသည်ကို ဆန့်ကျင်သည့်အနေနှင့် ထိုင်းအစိုးရဝက်ဘ်ဆိုက်များကို မြန်မာဟက်ကာတို့ တိုက်ခိုက်
POPULAR POSTS 10-Jan-2021 HD ဖိုင်နဲ့ အကျပ်ကိုင်ပြီးလိင်အမြတ်ထုတ်နေသူကို တွန်းလှန်ခဲ့သူ 13-Jan-2021 ရန်ကုန်၏အထင်ကရ ဆူးလေရှန်ဂရီလာဟိုတယ်ကို ယာယီပိတ်သိမ်း 02-Jan-2021 အငြင်းပွားမှုများရှိခဲ့သည့် ကိုဗစ်-၁၉ ကုသဆေး အောင်မြင်ဆိုသည့်သတင်းအပေါ် ရှင်းလင်းချက်ထုတ်ပြန် 06-Jan-2021 နိုင်ငံတော်သမ္မတနှင့် ရွေး/ကော်ဥက္ကဋ္ဌကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမှုကြားနာရန် ဆင့်ခေါ် 06-Jan-2021 ဘင်္ဂါလီ ၁၃ ဦးကိုပို့ဆောင်ခဲ့သည့် ဆရာတော်သီတင်းသုံးရာ ဘုန်းကြီးကျောင်းကို ချိပ်ပိတ်မည် 15-Jan-2021 လွှတ်တော်အထူးအစည်းအဝေး ခေါ်မပေးခြင်းသည် UEC အနေနှင့် ကြောက်၍ဖြစ်နိုင်သည်ဟု တပ်မတော် တုံ့ပြန်