News

POST SECTION

POLITICAL

22-Aug-2017
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်နှင့်ပတ်သက်သည့် အပြီးသတ် အကြံပေးချက်များ ပါဝင်မည့် အစီရင်ခံစာကို ထုတ်ပြန်နိုင်ရန် အစိုးရအဖွဲ့ဝင်များနှင့် ယနေ့ တွေ့ဆုံမည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ထံမှ သိရသည်။
20-Aug-2017
ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းသည် နှလုံးရောဂါ ခွဲစိတ်ကုသရန် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေပြီး ခွဲစိတ်မှုကို လာမည့် တနင်္လာနေ့၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက ပြောသည်။
19-Aug-2017
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ အစိုးရအဖွဲ့ထံ တင်ပြမည့် အကြံပြုချက်များကို လာမည့်ဩဂုတ်လ ၂၄ ရက်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။
18-Aug-2017
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေကို ဒီမိုကရေစီအတွက် အမြဲတမ်းရပ်တည်ခဲ့သူ တစ်ဦးဟု ယနေ့ ဈာပနအခမ်းအနားတွင် ချီးကျူးဂုဏ်ပြု ပြောကြားလိုက်သည်။
17-Aug-2017
တပ်မတော်အနေနှင့် ပြည်သူရွေးချယ်သော ဒီမိုကရေစီနှင့် တိုင်းပြည်တည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်စေလိုကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။
17-Aug-2017
မူးယစ်ဆေးဝါး သုံးစွဲသူများကို ထောင်ဒဏ်အစား လူမှုရေးပြစ်ဒဏ်သာ ကျခံစေရန် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပြင်ဆင်ချက်ကို အမျိုးသားလွှတ်တော်က အတည်ပြုလိုက်သည်။
16-Aug-2017
ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ နောက်ဆုံး အကြံပြုချက် အစီရင်ခံစာကို လာမည့် ဩဂုတ်လ နောက်ဆုံးအပတ်တွင် အစိုးရနှင့် တပ်မတော်ထံ ကောင်မရှင် အဖွဲ့ခေါင်းဆောင် ကိုဖီအာနန်ကိုယ်တိုင် တွေ့ဆုံ၍ ပေးပို့သွားမည်ဖြစ်ကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။
15-Aug-2017
တွံတေး-လှိုင်သာယာကားလမ်းရှိ ပန်းလှိုင်တံတားတိုးဂိတ်မှ ဝန်ထမ်းကို NLD ပါတီဝင်တစ်ဦးက ပါးရိုက်မှုတွင် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်းက The Voice သို့ ပြောကြားသည်။
15-Aug-2017
အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများနှင့် အကြမ်းဖက် အဖွဲ့အစည်းများအား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေပါတီ အပါအဝင် နိုင်ငံရေးပါတီများက နိုင်ငံတော်အစိုးရထံ သြဂုတ်လ ၁၄ ရက်နေ့၌ တောင်းဆိုလိုက်သည်။
13-Aug-2017
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းတွင် တပ်မတော်နှင့် တအာင်း/ ပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) တို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဒေသခံ အရပ်သားတို့ ထိခိုက်ဒဏ်ရာရမှု ဖြစ်ပွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။
13-Aug-2017
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်မြေနှင့်ထိစပ်လျက်ရှိသော ရခိုင်ပြည်နယ်မေယု တောင်တန်းတစ်လျှောက် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဩဂုတ်လ ၁၀ ရက်နေ့၌ ညွှန်ကြားစာ ထုတ်ပြန်ခဲ့သည်။
12-Aug-2017
ကရင်အမျိုးသား အစည်းအရုံးနှင့် ကရင်အနေနှင့် ဒီမိုကရေစီစနစ်ပေါ် အခြေခံသည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် နိုင်ငံရေး နည်းလမ်းဖြင့် ပြည့်ပြည့်စုံစုံ ပြင်ဆင်မှုများ ပြုလုပ်ထားရန် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုးက တိုက်တွန်းလိုက်သည်။
11-Aug-2017
ကျွန်မက လက်ခုပ်တီးခိုင်းတာကို မကြိုက်ဘူးနော်။ တီးချင်မှ တီးရမှာ ဒါ ဒီမိုကရေစီပဲ။ လက်ခုပ်မတီးချင် တီးချင်နဲ့ တီးခိုင်းတာ ဒါဟာ ဒီမိုကရေစီနဲ့ မကိုက်ညီဘူးလို့ ကျွန်မ ထင်ပါတယ်။ ဒါကျွန်မတို့ ပြောင်းလဲရမယ့် အစဉ်အလာတစ်ခုပေါ့။ ကျွန်မတို့ရဲ့ ဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့ ဧည့်ပရိတ်သတ်အပေါင်းကို ကြိုဆိုပါတယ်။
11-Aug-2017
ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၆၆ (ဃ) ပါ ပြစ်မှုများကို ထောင်ဒဏ်လျှော့ချ၍ အာမခံပေးနိုင်သည့် ပြစ်မှုပြစ်ဒဏ် ဖြစ်စေရန် ပြင်ဆင်လိုကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြည်သူ့လွှတ်တော်သို့ တင်ပြလိုက်သည်။
10-Aug-2017
အပစ်ရပ်စာချုပ် (NCA) လက်မှတ် ရေးထိုးရေးအတွက် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နှင့်ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့ တရားဝင် တွေ့ဆုံ ဆွေးနွေးနေမှုတွင် အချက်လေးချက် သဘောတူညီမှု ရပြီဖြစ်ပြီး ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း အဆိုပါဆွေးနွေးပွဲမှ စုံစမ်းသိရသည်။