POST SECTION

POLITICAL

13-Sep-2017
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ ပထမဆုံး အစည်းအဝေးကို ယနေ့ ပြုလုပ်မည်ဖြစ်ကြောင်း ယင်းကော်မတီ၏ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။
12-Sep-2017
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ကျင်းပမည့် ၇၂ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်မဟုတ်ဘဲ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် မိန့်ခွန်းပြောမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
11-Sep-2017
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောဒေသတွင် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသော ARSA အကြမ်းဖက်အဖွဲ့က တစ်လခန့် အပစ်ရပ်မည်ဟု စက်တင်ဘာလ ၉ ရက်နေ့က Twitter မှတစ်ဆင့် ထုတ်ပြန်ကြေညာလိုက်သည်။
09-Sep-2017
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဦးတီခွန်မြတ်သည် ကြံ့ခိုင်ရေးပါတီမှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း အဆိုပါပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက The Voice သို့ ပြောကြားသည်။
07-Sep-2017
မောင်တောခရိုင်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဘင်္ဂါလီလူမျိုးများ ၎င်းတို့ရပ်ရွာတွင် အေးဆေးစွာ ပြန်လည် နေထိုင်နိုင်ရန် နယ်မြေ ရှင်းလင်းနေသည့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်မှုကို မလိုလားသည့် ဘင်္ဂါလီ ရပ်မိရပ်ဖများက ပူးပေါင်း ဆောင်ရွက်နေသည်ဟု အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့မှူး ရဲမှူးချုပ် သူရစန်းလွင်က ပြောကြားသည်။
06-Sep-2017
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အကြမ်းဖက်ခံရမှု အပါအဝင် အိမ်နီးချင်း နိုင်ငံများတွင်လည်း အကြမ်းဖက်မှု ပပျောက်စေရန် ပူးပေါင်း လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။
06-Sep-2017
အမေရိကန် ပြည်ထောင်စုတွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက် မတက်ကို အစိုးရအဖွဲ့က ဆုံးဖြတ်မည်ဟု အမျိုးသား လုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ပြောကြားသည်။
29-Aug-2017
ရခိုင်ပြည်နယ် အရေးကိစ္စအပေါ် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး မခေါ်ခြင်းသည် အစိုးရပေါ်၌သာ မူတည်ကြောင်း ဗိုလ်ချုပ်အောင်ရဲဝင်း (ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး)က ပြောကြားသည်။
29-Aug-2017
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသ၌ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် ဖြစ်စဉ်ကြောင့် အုပ်ချုပ်ရေးစနစ် ပျက်ယွင်းလျက်ရှိကြောင်း စစ်ဘက်ရေးရာနှင့် လုံခြုံရေး ဒုတိယအရာရှိချုပ် ဗိုလ်ချုပ်သန်းထွဋ်သိန်းက ပြောကြားသည်။
26-Aug-2017
အစိုးရက တရားဝင် ဖိတ်ကြားပါက ထပ်မံကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်သွားမည်ဖြစ်ကြောင်း မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့က အသိပေး ထုတ်ပြန်ခဲ့သည်။
24-Aug-2017
ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ယင်းပဋိပက္ခအပေါ် အမျိုးသားလုံခြုံရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ခေါ်ယူကျင်းပသင့်ကြောင်း ပျော်ဘွယ် မဲဆန္ဒနယ်မှ ဦးသောင်းအေးက ပြောကြားခြင်းကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ကြောင်း ဆုံးဖြတ်ကြေညာခဲ့သည်။
23-Aug-2017
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန် ခေါင်းဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို ဩဂုတ်လ ၂၃ ရက်တွင် ယင်းကော်မရှင်အဖွဲ့ဝင်များက နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ပေးအပ်ခဲ့သည်။
23-Aug-2017
ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP) လက်နက်ကိုင်အဖွဲ့ ဌာနချုပ်ကို ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ALP ဌာနခွဲတစ်ခု ကျသွားကြောင်း အဆိုပါ လက်နက်ကိုင် အဖွဲ့များထံမှ သိရသည်။
22-Aug-2017
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်နှင့်ပတ်သက်သည့် အပြီးသတ် အကြံပေးချက်များ ပါဝင်မည့် အစီရင်ခံစာကို ထုတ်ပြန်နိုင်ရန် အစိုးရအဖွဲ့ဝင်များနှင့် ယနေ့ တွေ့ဆုံမည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ထံမှ သိရသည်။
20-Aug-2017
ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းသည် နှလုံးရောဂါ ခွဲစိတ်ကုသရန် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေပြီး ခွဲစိတ်မှုကို လာမည့် တနင်္လာနေ့၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက ပြောသည်။