News

POST SECTION

POLITICAL

11-Dec-2017
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ၏ ပါတီဗဟို အလုပ်အမှုဆောင်ကော်မတီ (CEC) ၏ ပထမအကြိမ် အစည်းအဝေးနှင့် ပါတီရေးရာကော်မတီများ ဖွဲ့စည်းခြင်းကို ဒီဇင်ဘာလ ၂၃ ရက်တွင် တောင်ကုတ်မြို့၌ ပြုလုပ်မည်ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောကြားသည်။
11-Dec-2017
တပ်မတော်နှင့် အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့တို့ လုံခြုံရေးကဏ္ဍ သဘောတူညီမှုရရေးအတွက် အလွတ်သဘော တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။
10-Dec-2017
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်နယ်သို့ ပြန်ရောက်လာမည့် ဒုက္ခသည်များကို နေရာချထားမှုနှင့်ပတ်သက်၍ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များအနေနှင့် ဝင်ရောက် စွက်ဖက်ခွင့် မရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးစိုးအောင်က တုံ့ပြန် ပြောကြားသည်။
10-Dec-2017
ကချင်ပြည်နယ်တွင်း ကချင်လက်နက်ကိုင်အဖွဲ့ (KIA/KIO) နှင့် တပ်မတော်တို့အကြား တိုက်ပွဲများကြောင့် ထွက်ပြေးနေရသည့် စစ်ဘေးရှောင်စခန်းများမှ ဒုက္ခသည်များ ပြန်လည်နေထိုင်နိုင်မည့် ကျေးရွာစာရင်းများကို ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC က ကောက်ခံလျက်ရှိရာ ပြန်လည်နေထိုင်နိုင်သည့် ကျေးရွာ ၃၀ ကျော် စာရင်းရရှိထားကြောင်း KBC အတွင်းရေးမှူး ဒေါက်တာ ခလမ်းဆန်ဆွမ်က ပြောကြားသည်။
08-Dec-2017
ပြီးခဲ့သည် လအနည်းငယ်အတွင်း၌ ဘဏ်ဝန်ထမ်းတစ်ဦးနှင့် လူမှုရေးပြသနာများ ပေါ်ပေါက်ခဲ့သော မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးနေမျိုးကျော်ကို ပါတီတာဝန်များ ရပ်နားလိုက်ကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက The Voice သတင်းစာသို့ ပြောသည်။
07-Dec-2017
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီမှ လဲချားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမွန်းသည် ဒီဇင်ဘာလ ၅ ရက် ညနေပိုင်းက နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း အဆိုပါပါတီထံမှ သိရသည်။
04-Dec-2017
“ဝ” ပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSP/UWSA) နှင့်တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစိုးရတို့အကြား မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ဆောင်ရေးအတွက် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
26-Nov-2017
မြေမြှုပ်မိုင်းနှင့် ပတ်သက်သည့် အသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲများကို အပစ်ရပ် လက်မှတ် ထိုးထားသည့် နယ်မြေများတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC) ထံမှ သိရသည်။
24-Nov-2017
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေး လုပ်ငန်းစဉ်များအတွက် လာမည့် ၂၀၁၈-၁၉ ဘတ်ဂျက်နှစ်တွင် ဒေါ်လာတစ်သန်းခန့် ထပ်မံတိုးမြှင့် သုံးစွဲသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် အပစ်ရပ် စောင့်ကြည့်ရေး ကော်မတီ (JMC-U) အစည်းအဝေးမှ သိရသည်။
23-Nov-2017
NLD လွှတ်တော်ကိုယ်စားလှယ်အချို့ကို ဝန်ကြီး၊ ဒုတိယဝန်ကြီး တာဝန်ပေး၍ အုပ်ချုပ်ရေးတာဝန် ယူခိုင်းပါက ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရရှိလျှင် NLD အစိုးရအတွက် အဆင်သင့်ဖြစ်မည်ဟု သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးသိန်း (အမျိုးသား လွှတ်တော်ကိုယ်စားလှယ်) က အကြံပြု ပြောကြားလိုက်သည်။
23-Nov-2017
မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ် အရေးကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာ မျက်နှာစာတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်မှ ရပ်တည်ပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။
21-Nov-2017
ရခိုင်ပြည်နယ်အတွင်း အစွန်းရောက် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်နေသည့် ဒုက္ခသည်များကို ပြန်လည် ခေါ်ယူနိုင်ရေးအတွက် နှစ်နိုင်ငံ အမြန်ဆုံး သဘောတူညီမှု ရရှိနိုင်မည်ဟု မျှော်လင့်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
19-Nov-2017
မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား စစ်ရေးလေးကျင့်မှု (IMBAX – 2017) ကို ပထမဆုံးအကြိမ်အဖြစ် နိုဝင်ဘာလ ၂၀ ရက်မှ ၂၅ ရက်အထိ အိန္ဒိယနိုင်ငံ မီဂါလာယာပြည်နယ် အမ်ရွိုင်းဒေသတွင် ကျင်းပမည်ဖြစ်ကြောင်း The Economic Times ၏ အင်တာနက် စာမျက်နှာတွင် နိုဝင်ဘာလ ၁၈ ရက်က ဖော်ပြသည်။
18-Nov-2017
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရုံးကို ရန်ကုန်တွင် ပထမဆုံး စတင် ဖွင့်လှစ်ခဲ့သည်။
15-Nov-2017
မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမည့်ကိစ္စများ ဖိအားပေး လုပ်ဆောင်သွားရန် အစီအစဉ်မရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်က ပြောကြားလိုက်သည်။