News

POST TYPE

POLITICAL

ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ဝန်ကြီးချုပ်တွေ့ ဆုံ၊ မြန်မာနိုင်ငံတွင် တံတားနှင့် ဆေးရုံများ ဆောက်လုပ်ရန် သဘောတူ
19-Aug-2016

တရုတ်နိုင်ငံသို့ အလည်အပတ်ခရီးစဉ် အဖြစ်ရောက်ရှိလျက်ရှိနေသော  နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ ၁၈ ရက်နေ့တွင် တရုတ်ဝန်ကြီးချုပ် လီကွတ်ချောင်နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံတွင် တံတားတစ်စင်းနှင့် ဆေးရုံနှစ်ရုံ ဆောက်လုပ်ရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း ရိုက်တာသတင်းဌာနတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၄ ရက်ကြာ အလည်အပတ်ခရီးစဉ်အဖြစ် ဗုဒ္ဓဟူးနေ့ ညနေက တရုတ်နိုင်ငံသို့ ရောက်ရှိပြီးနောက် ယနေ့တွင် တရုတ်အာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

ဝန်ကြီးချုပ် လီကွတ်ချောင်နှင့်  ယနေ့ဆွေးနွေး သဘောတူညီချက်အရ နှစ်နိုင်ငံနယ်စပ်ဒေသတွင် တံတားတစ်စင်းနှင့် မြန်မာနိုင်ငံ၏ မြို့ကြီးနှစ်မြို့ဖြစ်သော ရန်ကုန်နှင့် မန္တလေးတို့တွင် ဆေးရုံတစ်ရုံစီ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း မြန်မာ့နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိ တစ်ဦးက ပြောကြားသည်။

တွေ့ဆုံဆွေးနွေးပွဲနှင့် ပတ်သက်သည့် အခြားအသေးစိတ် အချက်အလက်များကိုမူ နှစ်ဖက်အာဏာပိုင်များက ထုတ်ဖော်ကြေညာခြင်း မရှိသေးချေ။

ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ ၁၈ ရက်တွင် ဝန်ကြီးချုပ် လီကွတ်ချောင်နှင့် တွေ့ဆုံပြီး နောက်တစ်ရက် သောကြာနေ့တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံသွားမည်ဖြစ်သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးမှုများအတွင်း မြစ်ဆုံဆည် ကိစ္စကိုလည်း အဓိက ထားထည့်သွင်း ဆွေးနွေးသွားလိမ့်မည်ဟု နိုင်ငံ တကာ သတင်းမီဒီယာများက ခန့်မှန်း သုံးသပ်လျက်ရှိသည်။

  • VIA