News

POST TYPE

POLITICAL

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ်အပေါ် နိုင်ငံတကာသတင်းဌာနများရဲ့အမြင် (၃ )
17-Aug-2016


ဂျပန်သတင်းဌာန Nikkei Asia Review ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်ကို ဖော်ပြခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရုတ်နိုင်ငံနဲ့ သံတမန် ဆက်ဆံရေးမှာ လက်တွေ့ အကျိုးဖော်ဆောင်နိုင်တဲ့ မူဝါဒမျိုး နဲ့ ချဉ်းကပ် သွားလိမ့်မယ်လို့ သုံးသပ်ထားပါတယ်။


ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သြဂုတ်လ ၁၇ ရက်နေ့မှာ စတင်တဲ့ သူမရဲ့ တရုတ်ခရီးစဉ်အတွင်း တရုတ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ တရုတ်နိုင်ငံအပေါ် မြန်မာ့မူဝါဒ၊ ကုန်သွယ်ရေးနဲ့ အခြားပုံစံတွေနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး သွားလိမ့်မယ်လို့လည်း ဖော်ပြထားပါတယ်။


ဒါ့အပြင် ယခုလကုန်မှာ ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံဟာ NLD အစိုးရရဲ့ လက်ရှိ အဓိက ဦးစားပေး ကိစ္စဖြစ်နေပြီး မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တရုတ်နိုင်ငံရဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ ပံ့ပိုးကူညီမှုဟာ အရေးပါကြောင်း သိရှိထားတာကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တရုတ်အာဏာပိုင်တွေနဲ့ တွေ့ဆုံရာမှာ ယင်းကိစ္စကို အထူးအလေးပေး ဆွေးနွေး သွားလိမ့်မယ်လို့လည်း Nikkei Asia Review က ခန့်မှန်း သုံးသပ် ထားပါတယ်။


  • VIA