News

POST TYPE

POLITICAL

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ်အပေါ် နိုင်ငံတကာ သတင်းဌာနများရဲ့အမြင်များ (၁)
17-Aug-2016


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်အပေါ် နိုင်ငံတကာ သတင်းဌာနတွေရဲ့တင်ပြပုံ အချို့ကို ဖော်ပြပေးချင်ပါတယ်။

ပထမဆုံးအနေနဲ့ Bangkok Post သတင်းဌာနမှာ ဖော်ပြထားတာကို အနှစ်ချုပ် အနေနဲ့ ပြန်လည် ဖော်ပြပေးရရင် -

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တရုတ်နိုင်ငံသို့ ၄ ရက်ကြာ တရားဝင် အလည်အပတ် ခရီးစဉ်အတွင်း တရုတ်အာဏာပိုင်တွေနဲ့ တွေ့ဆုံရာမှာ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး၊ ဒေသတွင်း လုံခြုံရေးနဲ့ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့နဲ့ ပတ်သက်လို့ အဓိကထား ဆွေးနွေးသွားမှာ ဖြစ်ကြောင်း မြန်မာနဲ့ တရုတ် သံတမန်တွေရဲ့ ကြေညာချက်တွေကို ကိုးကားပြီးဖော်ပြခဲ့ကာ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်တုန်းက ဆိုင်းငံ့ထားခဲ့တဲ့ အမေရိကန် ဒေါ်လာ ၃. ၆ ဘီလျံတန်ဖိုးရှိ မြစ်ဆုံဆည် အရေးကိစ္စကိုလည်း ဆွေးနွေးသွားဖွယ် ရှိတယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

တရုတ်နိုင်ငံဟာ လက်ရှိအချိန်ထိ မြန်မာနိုင်ငံရဲ့ အကြီးဆုံး နိုင်ငံခြား ရင်းနှီးမြုပ်နှံသူ ဖြစ်နေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေကို အထူး ဦးစားပေး ဆွေးနွေးသွားမယ် ဆိုတာ သံသယ ရှိစရာ မလိုဘူးလို့လည်း Bangkok Post က ဖော်ပြထားပါတယ်။

အဲဒီလို ဆွေးနွေးရာမှာ တရုတ်အာဏာပိုင်တွေ အနေနဲ့ ကျောက်ဖြူ အထူး စီးပွားရေးဇုန်ကို အစိုးရချင်း ချိတ်ဆက် လုပ်ဆောင်တဲ့ ပရောဂျက် တစ်ခုအဖြစ် ဆောင်ရွက်နိုင်ဖို့ စည်းရုံး ဆွေးနွေးသွားဖွယ် ရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ ၂၁ ရာစု ပင်လုံညီလာခံ အရေးကို ထိပ်တန်း ဦးစားပေးအဖြစ် သတ်မှတ်ထားဖွယ် ရှိတယ်လို့လည်း Bangkok Post က သုံးသပ်ထားပါတယ်။

  • VIA