News

POST TYPE

POLITICAL

ဧရာဝတီတိုင်း လစ်လပ် စီမံ/ဘဏ္ဍာဝန်ကြီး အမည်စာရင်းတင်သွင်းမှု တိုင်းလွှတ်တော် အတည်ပြု
18-May-2017 tagged as ဝန်ကြီး

ပုသိမ်၊ မေ ၁၈

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် လွန်ခဲ့သော သုံးလကျော်ကတည်းက လစ်လပ်နေသော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး နေရာကို ယနေ့ (မေလ ၁၈ ရက်) ကျင်းပသော တိုင်းဒေသကြီးလွှတ်တော်တွင် ဝန်ကြီးချုပ်က အမည်စာရင်း တင်သွင်းရာ လွှတ်တော်က အတည်ပြုကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

“စိမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး နေရာကို ဝန်ကြီးချုပ်က ကျန်းမာရေး စီမံကိန်းဦးစီးဌာနက အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဦးဌေးဝင်းကို အမည်စာရင်း တင်သွင်းခဲ့တာပါ” ဟု တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောဆိုသည်။

ယခင်က ဧရာဝတီတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးမှာ ဦးလှကျော်ဖြစ်ပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ပြည်ထောင်စုအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်ရသဖြင့် လစ်လပ်နေခြင်း ဖြစ်သည်။

R-11