News

POST TYPE

POLITICAL

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအလိုက်တာဝန်ခံရမည့် ဥပဒေ ၄၀၀ နီးပါးရှိဟု အထူးကော်မရှင် တင်ပြ
17-Aug-2016 tagged as ဥပဒေ

ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့ အစည်းများအလိုက် တာဝန်ခံဆောင် ရွက်ရမည့် ကျင့်သုံးဆဲ ဥပဒေ ၃၉၇ ခု ရှိပြီး ယင်းတို့ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာခဲ့သည်။

ယင်းကဲ့သို့ တာဝန်ခံ ဆောင်ရွက်ရေးအတွက် ယနေ့ကျင်းပသော ပြည်ထောင်စု လွှတ်တော်တွင် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်၏ အစီရင်ခံစာကို ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးကိုကိုနိုင်က တင်ပြခဲ့ခြင်း ဖြစ်သည်။

လက်ရှိတည်ဆဲဥပဒေများကို ခေတ်ကာလနှင့် ညီမညီ စိစစ်ခဲ့ပြီး ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ လေ့လာဆန်းစစ်၍ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းနှင့် အသစ်ပြဋ္ဌာန်းခြင်းများကို ပြုလုပ်ခဲ့ပြီး လွှတ်တော်မှ ပြဋ္ဌာန်းလိုက်သော ဥပဒေများကို အုပ်ချုပ်ရေးအဖွဲ့အစည်းများက အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရပြီးချိန်မှစ၍ ယနေ့အချိန်ထိ ပြဋ္ဌာန်းခဲ့သော ဥပဒေ ၁၅၈၉ ခုရှိပြီး ဥပဒေ ၆၈၁ ခု ကို ရုပ်သိမ်းပြီး ဖြစ်၍ တည်ဆဲဥပဒေ ၉၁၇ ခု ရှိကြောင်း ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းအစီရင်ခံစာကို လွှတ်တော်က သဘောတူသောကြောင့် မှတ်တမ်းတင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။ 

  • VIA