News

POST TYPE

POLITICAL

နိုင်ငံတော်သမ္မတ သီးသန့်ရန်ပုံငွေ ကျပ်ငွေ ဘီလီယံ ၁၀၀ ကို လွှတ်တော်မှ စီစစ်ဆဲအဆင့်သာ ရှိဟုဆို
05-Aug-2016 tagged as

ရန်ကုန်၊ သြဂုတ် ၎

နိုင်ငံတော်သမ္မတ သီးသန့်ရန်ပုံငွေ ကျပ်ငွေ ဘီလီယံ (၁၀၀) ကို လွှတ်တော် မှ စီစစ်ဆဲအဆင့်သာ ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် (ရသုံးမှန်းချေငွေစာရင်း ဦးစီးဌာန) ဒေါ်နွဲ့နွဲ့ဝင်းက ပြောကြားသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၌ နိုင်ငံတော်သမ္မတ သီးသန့်ရန်ပုံငွေအဖြစ် ကျပ်ဘီလီယံ (၁၀၀) ခွင့်ပြုရန် လျာထားသော်လည်း လွှတ်တော်မှ စီစစ်ဆဲ အဆင့်သာ ရှိကြောင်း ယင်းဝန်ကြီးဌာနမှ သိရသည်။

“သီးသန့်ရန်ပုံငွေကတော့ ခါတိုင်းလိုပဲ ကျပ်ငွေ ၁၀၀ ဘီလီယံ ဆိုပြီးတော့ တည့်ထားတယ်။ လျားထားတယ်။ အခု လွှတ်တော်ကနေ စီစစ်တုန်းပဲ ရှိသေးတယ်” ဟု ဒေါ်နွဲ့နွဲ့ဝင်းက ရှင်းလင်းပြောကြားသည်။

နိုင်ငံတော်သမ္မတ သီးသန့်ရန်ပုံငွေ သုံးစွဲရာတွင် မမျော်မှန်းနိုင်သော သဘာဝ ဘေးအန္တရာယ် အသုံးစရိတ်၊ တည်ဆဲဥပဒေအရ ဝန်ကြီးဌာန အချင်းချင်း ရန်ပုံငွေလွဲ ပြောင်းသုံးစွဲခွင့် မရှိသော လုပ်ငန်းများနှင့် ဘဏ္ဍာရေးနှစ်အတွင်း ဖြစ်ပေါ်သော အထူးကိစ္စရပ်များ ဆောင်ရွက်ရာတွင် ယင်းရန်ပုံငွေမှ ထုက်ယူသုံးစွဲခွင့် ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနထံမှ သိရသည်။

နိုင်ငံတော်သမ္မတ (ဟောင်း) ဦးသိန်းစိန် လက်ထက် (၂၀၁၂-၂၀၁၃) မှ စတင်ပြီး ဘဏ္ဍာနှစ် တစ်နှစ်လျှင် သမ္မတ သီးသန့်ရန်ပုံငွေ အဖြစ် ကျပ်ငွေဘီလီယံ ၁၀၀ ကို လွှတ်တော်မှ ခွင့်ပြုပေးခဲ့သည်။

“(၂၀၁၁-၂၀၁၂) ဘဏ္ဍာရေးနှစ်မှာ သီးသန့်ရန်ပုံငွေ မရဘူး။ (၂၀၁၂ ၂၀၁၃) ဘဏ္ဍာနှစ်ပေါ့။ ပြည်ထောင်စုလွှတ်တော်ကလကစပြီး သီးသန့်ရန်ပုံငွေ ဆိုတာ ဖြစ်လာတာ” ဟု ဒေါ်နွဲ့နွဲ့ဝင်းက ဆိုသည်။

“ပြည်သူ့လွှတ်တော်၊ စီးပွားရေး၊ ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးခင်မောင်စိုးက သမ္မတ သီးသန့်ရန်ပုံငွေနဲ့ ပတ်သက်ပြီး ဘာမှမသိရသေးဘူး” ဟု ဆိုသည်။

  • TAGS