News

POST TYPE

POLITICAL

ရှမ်းပြည်နယ် NLD မှ ထုတ်ပယ်၊ နုတ်ထွက်သူများကို SNLD ပါတီ လက်ခံမည်
18-Jan-2017 tagged as NLD SNLD

ရန်ကုန်၊ ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ် NLD ပါတီမှ ထုတ် ပယ်ခံရသော ပါတီခေါင်းဆောင်များနှင့် နုတ်ထွက်သူများကို SNLD ပါတီမှ လက်ခံသွားမည်ဖြစ်ကြောင်း SNLD ပါတီ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည်။

NLD ပါတီသည် တောင်ကြီးမြို့ ပါတီထိပ်ပိုင်း ခေါင်းဆောင်များကို ပါတီစည်းမျဉ်းနှင့် ကိုက်ညီမှု မရှိဟုဆိုကာ သတ်မှတ်၍ ပါတီမှ ထုတ်ပယ်ခဲ့သည်။

“အခြားပါတီဝင် မဟုတ်တဲ့ သူတွေကို လက်ခံသွားမှာပါ။ NLD ပါတီက ထုတ်ပယ်ခံရသူတွေ၊ နုတ်ထွက်သူတွေကို လက်ခံသွားမှာပါ”ဟု ဦးစိုင်းညွန့်လွင်က ပြောသည်။

NLD ပါတီမှ ထုတ်ပယ်ခံရသူများသည် SNLD ပါတီဝင်အဖြစ် လက်ခံရန် ပါတီဝင် လျှောက်လွှာများ ပေးပို့ထားကြောင်း ဦးစိုင်းညွှန့်လွင်က ဆိုသည်။

“ကျွန်တော် NLD ကနုတ်ထွက်ပြီး SNLD ပါတီဝင်အဖြစ် လျှောက်ထားခဲ့ပါတယ်”ဟု မိုင်းရှူးမြို့မှ စိုင်းထွန်းထွန်း (ယခင်မိုင်းရှူး NLD ပါတီဗဟိုအလုပ် အမှုဆောင်) က ပြောသည်။

၎င်းသည် ကြားဖြတ်ရွေးကောက်ပွဲ၌ NLD ပါတီမှရွေးချယ်သော ကိုယ်စားလှယ်လောင်းများကို ကျေနပ်မှုမရှိ၍ ဇန်နဝါရီလအတွင်းက နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။

J-07

  • VIA