News

POST TYPE

POLITICAL

လာမည့်ဇွန်လဆန်းတွင် ချက်နိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်မည်
24-May-2019

ပရပ်ဂ်၊ မေ ၂၄

မြန်မာနိုင်ငံ၏နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်ဇွန်လဆန်းတွင် ချက်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်လိမ့်မည်ဖြစ်ကြောင်း Radio.cz ဝက်ဘ်ဆိုက်က ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ချက်နိုင်ငံတွင် လေးရက်ကြာ နေထိုင်မည်ဖြစ်ပြီး ယင်းခရီးစဉ်အတွင်း ချက်ဝန်ကြီးချုပ် အန်ဒရက်ဂျ် ဘားဘစ်၊ သမ္မတ မီလော့စ်ဇီမန်း၊ နိုင်ငံခြားရေးဝန်ကြီး တိုမတ်စ် ပီထရီဆစ်ခ်တို့အပါအဝင် ချက်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံသွားလိမ့်မည်ဖြစ်သည်။

ချက်နိုင်ငံ၏ အတိုက်အခံ နိုင်ငံရေးသမားဟောင်း ဗာကာလက်ဗ် ဟာဗဲလ်သည် ၁၉၉၁ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို နိုဗယ်လ်ဆုလျာထားစာရင်းတွင် ထည့်သွင်းသင့်ကြောင်း ထောက်ခံခဲ့သူဖြစ်ပြီး လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်က ဖိုရမ် ၂၀၀၀ ကွန်ဖရင့်ကို တက်ရောက်ရန်အတွက်လည်း ချက်နိုင်ငံ ပရပ်ဂ်မြို့သို့ ဒေါ်အောင်ဆန်းစုကြည်က သွားရောက်ခဲ့ဖူးသည်။

အဆိုပါ ဖိုရမ် ၂၀၀၀ ကွန်ဖရင့်ကို ဟာဗဲလ်အမွေအနှစ်အဖွဲ့၏အစီအစဉ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။

E-11