News

POST TYPE

POLITICAL

KNU တပ်ဖွဲ့ဝင်ကို ဝိုင်းရိုက်သူများအား ထောင်ဒဏ်လေးလ အမိန့်ချ
01-May-2019

တောင်ငူ၊ မေ ၁

ကျောက်ကြီးမြို့နယ် သိမ်းတန်ရပ်ကွက်တွင် သင်္ကြန်အတက်နေ့က KNU တပ်ဖွဲ့ဝင်တစ်ဦးကို ဝိုင်းရိုက်ခဲ့ကြသည့် လူငယ် ၁၄ ဦးအား ဧပြီ ၃၀ ရက်နေ့တွင် တရားရုံးက ထောင်ဒဏ်လေးလ အမိန့်ချမှတ်လိုက်သည်။

ပဲခူးတိုင်းဒေသကြီး တိုင်းအရာရှိတစ်ဦးက “နာကျင်စေမှုက သုံးလ၊ ပစ္စည်းဖျက်ဆီးမှုက တစ်လ သီခြားစီပြစ်ဒဏ်ချမှတ်ခဲ့တာပါ” ဟု ဆိုသည်။

ယင်းအမှုကို နှစ်ပတ်အတွင်း အမိန့်ချမှတ်ခြင်းအပေါ် မိသားစုဝင်များက ကျေနပ်ခြင်းမရှိကြပေ။

တောင်ငူခရိုင် ကရင်အမျိုးသား အစည်းအရုံးလက်အောက် KNU တပ်မဟာ ၃ မှာ တပ်ဖွဲ့ဝင်တစ်ဦးမောင်းနင်လာသောကားကို ကျောက်ကြီးမြို့ သိမ်တန်းရပ်ကွက်တွင် သင်္ကြန်အတက်နေ့ ညဦးပိုင်းတွင် ရေကစားနေသူ လူငယ် ၁၄ ဦးက ရေပတ်ရာမှ စကားများခဲ့ကြပြီးနောက် KNU တပ်ဖွဲ့ဝင်ကို ဝိုင်းဝန်းထိုးကြိတ်ပြီး ကားကိုရိုက်နှက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

R-15