News

POST TYPE

POLITICAL

တောင်ဇလပ်မြေသို့ တစ်ခေါက် (Daily, Vol-7/No-14)
28-Apr-2019
မြန်မာနိုင်ငံ၏ အနောက်ဘက်အကျဆုံးတွင် တည်ရှိသည့် ချင်းပြည်နယ်သည် တောင်တန်းများထူထပ်ကာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးသော ပြည်နယ်တစ်ခုဖြစ်သည်။ ဧရိယာစတုရန်းမိုင် ၁၃၉၀၇ ကျယ်ဝန်းသော ချင်းပြည်နယ်သည် လူနေကျဲ၍ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် ထိစပ်လျက်ရှိသည်။ ကလေးမြို့မှ မိုင် ၁၀၀ နီးပါးရှိသည့် ရိဒ်ခေါ်ဒါရ် မြို့အထိ ကနေဒီတောင်တန်းတစ်လျှောက်ရှိ သဘာဝအလှ မှတ်တမ်းဓာတ်ပုံများကို ဖော်ပြလိုက်ပါသည်။

ဓာတ်ပုံ-ရဲပြည့်ဇာနည်

ချင်းပြည်နယ်ရှိတောင်များတွင် ဒုတိယ အမြင့်ဆုံးတောင်ဖြစ်သည့် အမြင့် ၈၈၆၀ ပေရှိသည့် ကနေဒီ တောင်ထိပ်ပေါ်တွင် တည်ထားသည့်စေတီတော်။

ကမ္ဘာပေါ်ရှိ ရေကန်များတွင် အသည်းပုံစစ်စစ် သဏ္ဍန်ရှိသည့် တစ်ခုတည်းသော ရိဒ်ရေကန်။

မဏိပူရမြစ်ကို ဖြတ်ကျော်တည်ဆောက်ထားသည့် တီးတိန် - ရိခေါ်ဒါရ်လမ်းမပေါ်ရှိ မံဆောင်းတံတား။

ချင်းပြည်နယ်မှ တောင်တန်းများ။

မြန်မာ - အိန္ဒိယ နယ်ခြား အထိမ်းအမှတ် ကျောက်တိုင်ကို ကြည့်ရှုလေ့လာနေသူအချို့။

နယ်စပ်မြို့လေး တစ်မြို့ဖြစ်သည့် နာမည်ကျော် ရိခေါ်ဒါရ်မြို့။

တောင်တန်းထူထပ်သော ချင်းပြည်နယ်တွင် သောက်ရေအတွက် ခက်ခက်ခဲခဲ သယ်ယူကြရစဉ်။

ချင်းတောင်တန်းများပေါ်တွင် ပြေးဆွဲသည့် လိုင်းကားငယ်တစ်စီး။

ရိဒ်ရေကန်တွင် မော်တော်ဘုတ်ဖြင့် လှည့်လည်ကြည့်ရှုနိုင်သည်။

တောင်အဆင့်ဆင့် ဖြတ်ကျော်မောင်းနှင်ရသည့် မော်တော်ကားများကို ခရီးတထောက်ရပ်နားပြီး Break Pad များကို ရေဖြင့် ဖြန်းပက်ပေးနေစဉ်။

ပေရှစ်ထောင်ကျော် မြင့်မားသည့် ကနေဒီတောင်ထိပ်သို့ တက်ရောက်နေသူအချို့။