News

POST TYPE

POLITICAL

ရိုက်တာသတင်းထောက်နှစ်ဦး အယူခံ တရားလွှတ်တော်ချုပ်ရုံးတွင် ဧပြီ ၂၃ အမိန့်ချမည်
20-Apr-2019

ရန်ကုန်၊ ဧပြီ ၂၀

ရိုက်တာသတင်းထောက် နှစ်ဦးအယူခံ ဧပြီ ၂၃ ရက် နေပြည်တော် တရားလွှတ်တော်ချုပ်ရုံးတွင် အမိန့်ချမှတ်မည်ဟု သတင်းထောက်နှစ်ဦးရှေ့နေ့ ဦးသန်ဇော်အောင်က ပြောကြားသည်။

“၂၃ ရက်ကို အမိန့်ချမယ်၊ ပုံမှန်ထက် နည်းနည်းစောတယ်။ အမိန့်မှ တစ်ချို့ ပြစ်ဒဏ်လျော့တာတို့၊ ပယ်ဖျက်တာတော့ ရှိတယ်။ ဖြစ်နိုင်ချေတော့ အများကြီးရှိတယ်။”ဟု ၎င်းကဆိုသည်။
 
အယူခံအမိန့်ကို ဧပြီ ၂၃ ရက် နံနက် ၉နာရီခွဲတွင် အမိန့်ချမှတ်သွားမည်ဖြစ်သည်ဟု ၎င်းကဆိုသည်။

သတင်းထောက်နှစ်ဦး လျှောက်လဲချက်တွင် စာမျက်နှာ ၂၀ ကျော်ပါရှိပြီး၊ သတင်းနှစ်ဦး ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ကြောင်း အပါအဝင် အချက် ၁၃ ချက်တင်ခဲ့ကြောင်း ၎င်းကပြောကြားသည်။ တရားလိုဘက်က ရှေ့နေဘက်မှ သတင်းထောက်နှစ်ဦးလက်ထဲက ရရှိသည့်စာရွက်စာတမ်းသည် ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်ကြောင်းကို လျှောက်လဲချက် တင်ခဲ့ကြောင်း ၎င်းကဆိုသည်။

သတင်းထောက်နှစ်ဦးကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃ ရက်က မြောက်ပိုင်းခရိုင်တရားရုံးမှ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။ ယင်းစီရင်ချက်အပေါ် ကျေနပ်မှု မရှိသည်အတွက် သတင်းထောက်နှစ်ဦး၏ ရှေ့နေ့များက ရန်ကုန်တိုင်းတရားရုံးတွင် ယခုနှစ် ဇန်နဝါရီလက အယူခံ တင်သွင်းခဲ့သည့်အပေါ် တရားရုံးက ပယ်ချခံခဲ့ရသည်။ ရိုက်တာသတင်းထောက်နှစ်ဦး လွှတ်မြောက်ရေးအတွက်မတ် ၂၆ ရက်တွင် သတင်းသမား ကာကွယ်ရေးကော်မတီ CPJ က တောင်းဆိုခဲ့သည်။

သတင်းထောက်နှစ်ဦး မြောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်သည့်အပေါ် ကျေနပ်မှုမရှိသည့်အတွက် တိုင်းတရားလွတ်တော်သို့တင်ပြ၍ ဒီဇင်ဘာ ၂၄ ရက်က ကြားနားခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်တွင် အမှုကိုပလပ်ခြင်းခံခဲ့ရသည်။ သတင်းထောက်နှစ်ဦးအမှုကို ဇန်နဝါရီ ၁၁ ရက် တရားရုံး၏ဆုံးဖြတ်ချက်တွင် သတင်းထောက်နှစ်ဦးဖုန်းထဲမှ AA ရခိုင်လက်နက်ကိုင်အဖွဲ့မှ တာဝန်ရှိသူများ၏ ဖုန်းနံပါတ်နှင့် အဖွဲ့အစည်း ဖုန်းနံပါတ်များ မှတ်သားထားခြင်းသည် နိုင်ငံတော် အကျိုးစီးပွားကို ထိခိုက်နိုင်သည်ဟုသုံးသပ်ကာ ရန်ကုန်တိုင်း တရားလွှတ်တော်တွင် အမှုကို ပလပ်ခြင်းခံခဲ့ရခြင်းဖြစသည်။

“ဒါပထမ အယူခံပဲ ရှိပါသေးတယ်။ တရားလွှတ်တော်ချုပ်မှာ ပထမ အယူခံပေါ့။ အယူခံအဆင့်မှာ ဒုတိယအဆင့်ရှိနေပြီ”ဟု ၎င်းအမှုကို ကိုယ်စားလျှောက်ထားပေးသူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က The Voice သို့ ပြောသည်။

အယူခံသဘောတရားအနေဖြင့် အထူး အယူခံအဆင့်တစ်ခု ကျန်နေသေးပြီး ပြင်ဆင်မှု လျှောက်ထားချက်အပေါ် ချမှတ်သည့်ရလဒ်ကို ကာယကံရှင်တို့၏သဘောဖြင့် ဆက်လက် လုပ်ဆောင်ပေးသွားဦးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

J-18