News

POST TYPE

POLITICAL

ခြောက်နှစ်အတွင်း ကရင်ပြည်နယ်သို့ခရီးသွားဝင်ရောက်မှုအမြင့်ဆုံးဖြစ်
15-Jan-2019

ဘားအံ၊ ဇန်နဝါရီ ၁၅

ကရင်ပြည်နယ်သို့ ခရီးသွား ဝင်ရောက်မှုသည် ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ခြောက်နှစ်အတွင်း အများဆုံးအဖြစ် ဝင်ရောက်ခဲ့ကြောင်း ကရင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

၂၀၁၇ ခုနှစ်က ခရီးသွားဝင်ရောက်မှုသည် ၂၀၁၆ ကထက် လျော့နည်းခဲ့သော်လည်း ၂၀၁၈ ခုနှစ်အတွင်း ခရီးသွားဝင်ရောက်မှုသည် ၂၀၁၇ ခုနှစ်ကထက် သုံးသိန်းကျော် မြင့်တက်ခဲ့ကြောင်း ယင်းဌာနထံမှ သိရသည်။

“ခရီးသွားတွေ ဝင်တာတော့များတယ်။ ဟိုတယ်တွေ အားလုံးမဆံ့လို့ အခက်အခဲဖြစ်တာမျိုးလည်းရှိတယ်။ နိုင်ငံခြားသားဆိုတော့ သတ်မှတ်ထားတဲ့ တည်းခိုးစရာ နေရာမဟုတ်ရင် တည်းလို့မရတာမျိုးကြောင့် ခက်ခဲတာမျိုးလည်းရှိတယ်”ဟု ခရီးသွားလမ်းညွှန်တစ်ဦးဖြစ်သူ ဦးသူရဦးက ပြောကြားသည်။

ကရင်ပြည်နယ်သို့ ခရီးသွားအများဆုံး လည်ပတ်သည့် မြို့နယ်များတွင် ဘားအံ၌ ဟိုတယ် ၁၃ လုံး၊ တည်းခိုခန်း ၉ ခု၊ မြဝတီတွင် ဟိုတယ် ၆ လုံး၊ သံတောင်ကြီးမြို့နယ်တွင် တည်းခိုခန်း (၇) လုံးရှိပြီး တည်ဆောက်ဆဲ ဟိုတယ် ၁၄ လုံး၊ တည်းခိုခန်း ၂ ခုရှိကြောင်း ကရင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးဦးစီးဌာနထံမှ သိရသည်။

ကရင်ပြည်နယ်သို့ ခရီးသွား ဝင်ရောက်မှုသည် ၂၀၁၃ ခုနှစ်အတွင်းက ၂၁၅,၁၁၈၊ ၂၀၁၄ ခုနှစ်တွင် ၇၇၃,၈၅၇၊ ၂၀၁၅ ခုနှစ်တွင် ၈၄၃,၇၉၀၊ ၂၀၁၆ ခုနှစ်တွင် ၇၇၅,၉၄၆၊ ၂၀၁၇ ခုနှစ်တွင် ၆၀၄,၄၂၉ ဦးနှင့် ၂၀၁၈ ခုနှစ်တွင် ၉၉၃,၂၈၉ ဦးအထိ ဝင်ရောက်ခဲ့ကြောင်း ယင်းဌာနထံမှ သိရသည်။

R-17