News

POST TYPE

POLITICAL

ထိုင်းရောက် မြန်မာလုပ်သား ၄ ဦးအသတ်ခံရမှု သံသယရှိသူများမှ နှစ်ဦးကို ဘားအံတွင်ဖမ်းမိ
20-Dec-2018
ဘားအံ၊ ဒီဇင်ဘာ ၂၀

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့တွင် မြန်မာလုပ်သားမိသားစုဝင်လေးဦးကို သတ်သည့်အမှုဖြင့် သံသယရှိသူ သုံးဦးအနက် (၂) ဦးကို ဒီဇင်ဘာလ ၁၉ ရက် ညနေပိုင်းက ဘားအံမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့တွင် ဒီဇင်ဘာလ ၁၇ ရက်က လသားအရွယ်ကလေးတစ်ဦး အပါအဝင် လေးဦးကို အမျိုးသား (၂) ဦးနှင့် အမျိုးသမီးတစ်ဦးတို့က သတ်ဖြတ်ခဲ့သည်ဟု သံသယရှိခဲ့ပြီးနောက် ယင်းသံသယရှိသူများအနက်မှ အမျိုးသမီးတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားပြီး မြန်မာပြည်ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသူ အမျိုးသား (၂) ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းသံသယရှိသူများကို နှစ်နိုင်ငံရဲတပ်ဖွဲ့မှ သတင်းအချက်အလက် ဖလှယ်ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၁၉ ရက် ညနေပိုင်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ဖမ်းဆီးရမိသူနှစ်ဦးဖြစ်သည့် ရခိုင်ပြည်နယ်နေသူ မင်းပြားမြို့၊ ဘားစံရပ်ကွက်၊ ကမ်းနားလမ်းနေ ဇော်ဇော် (၂၈ နှစ်)နှင့် ကျောက်ဖြူမြို့နယ်၊ ဦးကင်းကျေးရွာနေ ကိုဆွေ(၂၉ နှစ်)တို့နှစ်ဦးတို့ကို စစ်ဆေးပြီး ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းမည်ဖြစ်ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

R-17