News

POST TYPE

POLITICAL

မောင်တောတွင် မရမာကြီးတိုင်းရင်းသား ၂ ဦး တိုက်ခိုက်ခံရ
18-Dec-2018
စစ်တွေ၊ ဒီဇင်ဘာ ၁၈

ရခိုင်ပြည် မောင်တောနယ် အထက်ပြူးမရွာအနီး ပြူးချောင်း၌ ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်းက ငါးရှာနေသည့် မရမာကြီးတိုင်းရင်းသား ၂ ဦးကို ဘင်္ဂါလီဟုယူဆရသူ ၆ ဦးကတိုက်ခိုက်၍ တစ်ဦးဒဏ်ရာရခဲ့ကြောင်း ပြူးချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးနှင့် ကျေးရွာသားများထံမှ သိရှိရသည်။

တိုက်ခိုက်ခံရသည့် မရမာကြီးတိုင်းရင်းသား ၂ ဦးအနက် ဦးမောင်သာလှ (၃၀ နှစ်ခန့်)၏ ဦးခေါင်း၌ ပေါက်ပြဲဒဏ်ရာများရခဲ့၍ ကြိမ်းချောင်းဆေးရုံတွင် အချက် ၂၀ ခန့်ချုပ်ပြီး မောင်တောဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိကြောင်း၊ ကျန်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်၍ ဒဏ်ရာမရကြောင်း ကြိမ်ချောင်းရွာအုပ်ချုပ်ရေးမှူးရုံးထံမှ သိရှိရသည်။

ထို့ပြင် ပြူးမကျေးရွာနေ ရခိုင်တိုင်းရင်းသား ဦးမောင်ထွန်းအေး (၅၆ နှစ်ခန့်)၊ ဦးမောင်မောင်သန်း (၅၁ နှစ်ခန့်)တို့လည်း ပျောက်ဆုံးနေသည်။ ပြူးချောင်းရွာသား ၂ ဦး ပျောက်ဆုံးနေသဖြင့် ရွာသား ၅၀ ဦးခန့်က စက်လှေများဖြင့် လိုက်လံရှာဖွေရာ ၎င်းတို့ အသုံးပြုသည့် ပိုက်နှင့်လှေမြုပ်နေသည်ကိုသာတွေ့ရှိပြီး လူကိုမတွေ့သေးကြောင်း ဒေသခံများထံမှသိရှိရသည်။

R-22