News

POST TYPE

POLITICAL

လုပ်ပိုင်ခွင့်ရှိသော အရာရှိများ၏ ပိုင်ဆိုင်မှုတင်ပြရန် သမ္မတနှင့် အတိုင်ပင်ခံ တွန်းအားပေး
29-Oct-2018
နေပြည်တော်၊ အောက်တိုဘာ ၂၉

နိုင်ငံရေးတွင် လုပ်ပိုင်ခွင့်ရှိသူများ အပါအဝင် အစိုးရ ထိပ်ပိုင်းအရာရှိများ၏ ပိုင်ဆိုင်မှုကို ၂၀၂၀ ခုနှစ်အတွင်း တင်ပြရန် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့က တွန်းအားပေးဆောင်ရွက်နေကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားလိုက်သည်။

အောက်တိုဘာ ၂၉ ရက်နေ့ ညနေပိုင်းက နိုင်ငံတော်သမ္မတ အိမ်တော် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများကို ပြောကြားလိုက်ခြင်းဖြစ်သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေနှင့် လုပ်ပိုင်ခွင့်အာဏာရှိသူများ၏ ပိုင်ဆိုင်မှု ကြေညာရန်ဟု ပြောဆိုထားသော်လည်း လက်တွေ့တွင် လုပ်ပိုင်ခွင့်အာဏာရှိသူဆိုသည်မှာ နယ်ဒေသများတွင် ဦးစီးအရာရှိကဲ့သို့ ရာထူးအဆင့် လုပ်ပိုင်ခွင့်ရှိနေသော်လည်း နေပြည်တော်နှင့် မြို့ကြီးအချို့တွင် အချို့သောအရာရှိ (ညွှန်ကြားရေးမှူး၊ ဒုညွှန်နှင့် လက်/ညွှန်)တို့တွင်လည်း အချို့ကသာ လုပ်ပိုင်ခွင့်အာဏာ ရရှိနေသည်ကို ပြန်လည်ဆွေးနွေးရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဥပမာအားဖြင့် ညွှန်ချုပ်၊ ဒုညွှန်ချုပ်၊ ညွှန်မှူး၊ ဒုညွှန်မှူးတွေရှိတယ်၊ တကယ်လုပ်ပိုင်ခွင့်ရှိတဲ့သူက ခရိုင်မှာဆိုရင် ခရိုင်အုပ်ချုပ်ရေးမှူး၊ ကော်လိပ်တော် အရာရှိ သူ့ဟာနဲ့သူရှိတယ်။ တချို့ကျတော့ ပြည်နယ်တွေမှာ ဦးစီးမှူးလောက်က လုပ်ပိုင်ခွင့်ရှိတယ်”ဟု ၎င်းက ရှင်းပြသည်။

ယင်းကိစ္စတွင် သတ်မှတ်ချက်တစ်ခုရှိရန် လိုနေသောကြောင့် ဆွေးနွေးရမည်ဖြစ်သော်လည်း ၂၀၂၀ ပြည့်နှစ်တွင် ပိုင်ဆိုင်မှုကြေညာနိုင်ရန် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

S-01