News

POST TYPE

POLITICAL

မီးနီဖြတ်မောင်းသည့် ဆိုင်ကယ်နှင့် ကားတိုက်၊ တစ်ဦးသေဆုံး
17-Oct-2018

ကျိုင်းတုံ၊ အောက်တိုဘာ ၁၆

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဗိုလ်ချုပ်လမ်းမကြီး ကျိုင်းတုံ-တာချီလိတ်လမ်းဆုံတွင် အောက်တိုဘာ ၁၄ ရက် နံနက် ၄ နာရီခန့်က မီးနီဖြတ်မောင်းသည့်ဆိုင်ကယ်သည် ကားနှင့်တိုက်မိ၍ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း တာချီလိတ် မြို့ အမှတ် (၁၁၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စုထံမှ သိရသည်။

“လူငယ်သုံးဦးစီးလာတဲ့ ဆိုင်ကယ်က လေဆိပ်လမ်းဆုံဘက်ကနေ မီးပွိုင့်နီနေတာကို ဖြတ်မောင်းချိန်မှာ ကားကိုသွားတိုက်မိတာပါ။ ဆိုင်ကယ်မောင်းတဲ့ကောင်လေး သေဆုံးသွားသလို နောက်ကလိုက်စီးတဲ့ ကောင်လေးနှစ်ယောက်လည်း ဒဏ်ရာရသွားပါတယ်” ဟု ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်တွင် ဆိုင်ကယ်မောင်းနှင်သူ ကျော်ကိုသက် (၁၆ နှစ်) သည် ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ဇင်ကိုထက် (၁၈ နှစ်) နှင့် မျိုးမင်းဦး (၁၉ နှစ်) တို့ နှစ်ဦးသည် ဒဏ်ရာအသီးသီးရရှိခဲ့၍ သေဆုံးသူ ကျော်ကိုသက်ကို ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၀၄-က ဖြင့် အရေးယူထားကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။

R-16