News

POST TYPE

POLITICAL

ကန်တစ်ဒေါ်လာ ကျပ် ၃၀ ပြန်တက်
08-Oct-2018


ရန်ကုန်၊ အောက်တိုဘာ ၈

အမေရိကန်ဒေါ်လာဈေးသည် သီတင်းတစ်ပတ်ခန့် (စက်တင်ဘာလကုန်၊ ယခုလဆန်းအတွင်း) ဆက်တိုက်ကျဆင်းခဲ့ပြီးနောက် ယနေ့ (အောက်တိုဘာ ၈ ရက်) တွင် တစ်ဒေါ်လာ ကျပ် ၃၀ ထိ ပြန်ဈေးတက်လာကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

ပြင်ပဒေါ်လာဈေးသည် တစ်လကျော်အတွင်း အနိမ့်ဆုံးဈေးအဖြစ် အောက်တိုဘာ ၄ ရက်က တစ်ဒေါ်လာ ၁၅၁၅ ကျပ်အထိကျဆင်းခဲ့ပြီး အောက်တိုဘာ ၈ ရက်တွင် တစ်ဒေါ်လာလျှင် ၁၅၄၅ ကျပ်သို့ ပြန်တက်လာသည်။ ဗဟိုဘဏ်၏ ယနေ့သတ်မှတ်ဈေးမှာမူ တစ်ဒေါ်လာ ၁၅၀၀ ကျပ်ဖြစ်သည်။

S-04


  • VIA