News

POST TYPE

POLITICAL

တရုတ်ကုမ္ပဏီများ၏ QR Code ဖြင့် ငွေပေးချေမှုဆောင်ရွက်သည့် ဘဏ်များကို အရေးယူမည်
26-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၂၆ 

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုပေးထားခြင်းမရှိသေးသော တရုတ်အခြေစိုက် Alipay၊ Wechat  အစရှိသည့် ကုမ္ပဏီများ၏ QR Code စနစ်ဖြင့် ငွေပေးချေမှုစနစ်များကို လက်ခံဆောင်ရွက်သော ဘဏ်များကို အရေးယူမည်ဖြစ်ကြောင်း ဗဟိုဘဏ်၏ ငွေကြေးမူဝါဒရေးရာနှင့် ဘဏ်လုပ်ငန်းဥပဒေ စည်းမျဉ်းဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ဗဟိုဘဏ်အနေဖြင့် QR Code ဖြင့် ငွေပေးချေမှုကို တစ်ပြေးညီဆောက်ရွက်နိုင်ကြစေရန်အတွက် MMQR Code  စံသတ်မှတ်ချက်ကို လုပ်ဆောင်လျက်ရှိသော်လည်း ပြည်တွင်းဘဏ်အချို့ကမူ ခွင့်ပြုထားခြင်းမရှိသေးသော QR Code စနစ်ဖြင့် ငွေပေးချေမှုများကို လက်ခံဆောင်ရွက်ပေးနေလျက်ရှိကြောင်း ၎င်းက ဆိုသည်။

“အခုက မလုပ်ဖို့ ဘဏ်အားလုံးကို ညွှန်ကြားစာထုတ်ထားတယ်။ တားမြစ်ချက်ကို လိုက်နာမှုမရှိရင် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေနဲ့အရေးယူသွားမယ်”ဟု ၎င်းက ပြောဆိုသည်။

ပြည်တွင်းဘဏ်များက Alipay၊ Wechat Pay အစရှိသည့် QR Code စနစ်ဖြင့် ငွေပေးချေမှုများကို ဆောင်ရွက်ခွင့်ပြုရန် တင်ပြထားသော်လည်း ဗဟိုဘဏ်က ယင်းစနစ်ဖြင့် ငွေပေးချေမှုများကို ဗဟိုဘဏ်ဥပဒေများနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေများအရ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး တစ်ပြေးညီဆောင်ရွက်နိုင်ခြင်းမရှိသေးအတွက် ခွင့်ပြုထားခြင်းမရှိသေးကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။

“ဒါက ပြည်တွင်းမှာ တရားဝင် ဗဟိုဘဏ်နဲ့ ညှိနှိုင်းဆောင်ရွက်မှုမရှိဘဲ လာလုပ်နေတဲ့ တရုတ်ပိုင်ကုမ္ပဏီတွေရဲ့ QR Code ငွေပေးချေမှုတွေကို မလုပ်ခိုင်းတာ။ ပြည်တွင်းမှာလုပ်နေတဲ့ QR Code ငွေပေးချေမှုတွေကို မလုပ်ခိုင်းတာ မဟုတ်ပါဘူး”ဟု ဧရာဝတီဘဏ်၏ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ဗဟိုဘဏ်၏ ခွင့်ပြုရယူထားပြီး QR Code စနစ်ဖြင့် ငွေပေးချေမှုဝန်ဆောင်မှုပေးနေသော ပုဂ္ဂလိကဘဏ်နှစ်ခုခန့်ရှိပြီး မိုဘိုင်းလ်ဖုန်းဖြင့် ငွေပေးချေမှု ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီများမှာ Wave Money၊ OK Dollar အပါအဝင် ငါးခုခန့်ရှိသည်။

J-01



  • VIA