News

POST TYPE

POLITICAL

မိုက်ကယ်ကျော်မြင့်ဇနီး နိုင်ငံရေးပါတီထောင်မည်
11-Sep-2018

ရန်ကုန်၊ စက်တင်ဘာ ၁၁

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ကိုယ်ရေးအရာရှိ လာဘ်စားသည်ဟုဆန္ဒပြမှုဖြင့်ထောင်ကျနေသူ မိုက်ကယ်ကျော်မြင့်၏ဇနီးဖြစ်သူ မအေးအေးသင်းက နိုင်ငံရေးပါတီထောင်ရန် စီစဉ်နေသည်။

စက်တင်ဘာ ၁၁ ရက်က တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင်ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ပါတီထောင်မည့်အစီအစဉ်ကို ၎င်းက ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပါတီအမည်ကို “အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ”ဟု အမည်ပေးကာ ယခုလအတွင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီထောင်ခွင့် လျှောက်ထားမည်ဖြစ်ကြောင်း မအေးအေးသင်းက ဆိုသည်။
 
ပါတီတည်ထောင်သူအဖြစ်၊ အဓိက ဦးဆောင်သူအဖြစ် ၎င်းကိုယ်တိုင်ပါဝင်မည်ဖြစ်ပြီး ပါတီတွင် လယ်သမားကိုယ်စားလှယ်များ အဓိက ပါဝင်လုပ်ကိုင်မည်ဖြစ်ကြောင်း မအေးအေးသင်းက ပြောဆိုသည်။

ပါတီထောင်ရန် ထောင်ကျနေသည့် မိုက်ကယ်ကျော်မြင့်နှင့် တိုင်ပင်ခဲ့ခြင်းဖြစ်ပြီး မိုက်ကယ်ကျော်မြင့်အနေနှင့် ထောင်ကျနေသည့်အတွက် ပါတီတည်ထောင်သူ စာရင်းတွင် လတ်တလော ပါဝင်မည်မဟုတ်ကြောင်း ၎င်းကဆိုသည်။

J-08