News

POST TYPE

POLITICAL

မလေးရှားတွင် ကျန်းမာသောလူမှုဘဝ မြှင့်တင်ရေးအတွက် ဆိုဒါခွန်ကောက်ရန် စဉ်းစားလျက်ရှိဟု မဟာသီယာပြောကြား
28-Aug-2018


ကွာလာလမ်ပူ၊ ဩဂုတ် ၂၇

မလေးရှားနိုင်ငံတွင်း သကြားဓာတ် သုံးစွဲမှုလျှော့ချရေးနှင့် ကျန်းမာသော လူမှုဘဝမြှင့်တင်ရေး ရည်ရွယ်၍ ဆိုဒါခွန်ကောက်ခံရန် မလေးအစိုးရက စဉ်းစားနေကြောင်း ဝန်ကြီးချုပ်မဟာသီယာမိုဟာမက်က ဩဂုတ်လ ၂၇ ရက်နေ့တွင် ပြောကြားခဲ့သည်ဟု Channel News Asia သတင်းဌာနက ဖော်ပြသည်။

“မလေးရှားမှာ သကြားဓာတ် အရမ်းစားသုံးကြတော့ ဆီးချိုသွေးချိုဖြစ်နှုန်းက အရမ်းမြင့်နေပါတယ်” ဟု မဟာသီယာက Cities 4.0+ Business 4.0 ဆွေးနွေးပွဲနှင့် ပြပွဲတွင် ပြောကြားသွားသည်။

အစိုးရအခွန်ဘဏ္ဍာတိုးမြှင့်ရရှိရေးအတွက် ဆိုဒါခွန်ကောက်ခံသင့်၊ မသင့် အပေါ် အစိုးရ၏ သဘောထားကိုမေးမြန်းခဲ့ရာတွင် မဟာသီယာကယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

သီးခြားအနေနှင့် မလေးအစိုးရသည် နည်းပညာသစ်များ ဖွံ့ဖြိုးရေးနှင့် အသုံးချနိုင်ရေး ပိုမိုအာရုံစိုက်နိုင်ရန် ပထမဆုံးဆိုက်ဘာစီးတီးအဖြစ် ဆိုက်ဘာဂျာယာ (Cyberjaya)ကို တည်ထောင်ရန်လည်း ဆန္ဒရှိနေကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ဒစ်ဂျစ်တယ်ခေတ်တွင် နည်းပညာတိုးတက်လာမှုများ၏ အားကိုယူကာ မာလ်တီမီဒီယာစူပါ စြင်္ကံ၊ ပေါ်တွင် ဖွံ့ဖြိုးမှု ဒုတိယလှိုင်းကို တည်ဆောက်ရမည်ဟုလည်း မဟာသီယာက ပြောကြားခဲ့သည်။

ဂျိုဟောတွင် Forest City အမည်ဖြင့် မြို့သစ်စီမံကိန်းတည်ဆောက်မည့် ကိစ္စနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာတွင်မူ မဟာသီယာက နိုင်ငံခြားသားများအတွက် မြို့သစ်တည်ပေးခြင်းကို သူ့အနေနှင့် သဘောမတူကြောင်း မှတ်ချက်ပေးခဲ့သည်။

“သေချာတာတစ်ခုကတော့ အဲဒီမြို့ကို နိုင်ငံခြားသားတွေဆီ ရောင်းစားဖို့တော့ တည်ဆောက်သွားမှာမဟုတ်ပါဘူး။ ကျွနု်ပ်တို့ ဒီမြို့သစ်ကို ကန့်ကွက်တာက နိုင်ငံခြားသားတွေအတွက် တည်ဆောက်တာဖြစ်နေလို့ပါ၊ မလေးသားတွေအတွက် မဟုတ်လို့ပါ။ မလေးသားအများစုဟာ အဲဒီအခန်းတွေကို ဝယ်နိုင်မှာမဟုတ်ပါဘူး” ဟု မဟာသီယာက မှတ်ချက်ပေးခဲ့သည်။

F-03