News

POST TYPE

POLITICAL

ရွှေကျင်မြို့နယ် ​ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးကို အဂတိလိုက်​စားမှုဖြင့် ​အမှုဖွင့်
တောင်​ငူ၊သြဂုတ်​၂၄

ပဲခူးတိုင်း​ဒေသကြီး ​ရွှေကျင်​မြို့နယ်​ ဒုတိယမြို့နယ်​အုပ်​ချုပ်​​ရေးမှူး ဦးစိုးမိုးသူကို သြဂုတ်​လ ၂၃ ရက်​​နေ့တွင် အဂတိလိုက်​စားမှုတိုက်​ဖျက်​​ရေး​ကော်​မရှင်​က လာ​ရောက်​စစ်​​ဆေးခဲ့ပြီး​ ​ရွှေကျင်​မြို့မရဲစခန်းတွင်​ အမှုဖွင့်​လှစ်​ခဲ့သည်​ဟု​ ယင်းကော်​မရှင်​ထံမှသိရှိရသည်​။

အဆိုပါ ဒုတိယမြို့နယ်​အုပ်​ချပ်​​ရေးမှုးသည် ​၂၀၁၈ ခုနှစ်​ ​ဖေ​ဖော်​ဝါရီလ ၁၈ ရက်​​နေ့က ​ရွှေကျင်​မြို့ခံ ​ရွှေကျင်လူငယ်အဖွဲ့က​နေပြီး ရှာ​ဖွေ​တွေ့ရှိခဲ့သည့်​ တရားမဝင်ဘီယာဖာများ တင်ဆောင်လာသည့် ယာဉ်ကိုဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးသူပါဝင်သည့်အဖွဲ့ဖြင့် ဖမ်ဆီးခဲ့သည့်ကိစ္စတွင် ဦးစိုးမိုးသူသည် ကျပ် (၂၅) သိန်း​ တောင်းခံရယူခဲ့ကြောင်း ဘီယာဖမ်းဆီးရာတွင် ပါဝင်သည့် ရွှေကျင်လူငယ် အဖွဲ့အတွက် ငွေကျပ် ၁၀ သိန်းကို ထပ်မံတောင်းခံရယူခဲ့သော်လည်း Facebook တွင် ဖော်ပြခံရ၍ ရွှေကျင်လူငယ်အဖွဲ့ဝင်​များအတွက်​ ရယူထားသည့်​ ငွေကျပ်​ ၁၀ သိန်းကိုသာ ပြန်လည်ပေးအပ်ခဲ့ကြောင်း စစ်ဆေး​ပေါ်ပေါက်ချက်​များအရ ဦးစိုးမိုးသူကို အ​ရေးယူခဲ့ရသည်​ဟု အဂတိလိုက်​စားမှုတိုက်​ဖျက်​​ရေး​ကော်​မရှင်​က ထုတ်​ပြန်​သည်​။

ကျွန်​​တော်​တို့ အတွက်​ ​​ဆယ်​သိန်း​တောင်းထားတယ်​ဆိုတာ သိရ​တော့ အုပ်​ချုပ်​​ရေးမှူးကို သွားတိုင်​မှဖမ်းခံထားရသူကို ပြန်​​ပေးလိုက်​တယ်​။ သူ့တွက်​​ငွေက​တော့ ပြန်​မ​ပေးဘူးပြောလို့ ​နေပြည်​​တော်​အထိ တက်တိုင်​ခဲ့တာပါဟု ​ရွှေကျင်​လူငယ်​အဖွဲ့ဝင်​လူငယ်​တစ်​ဦးက ​ပြောကြားသည်​။

အမှုနှင့်​ပတ်​သက်​ပြီး ဦးစိုးမိုးသူကို ​ရွှေကျင်​မြို့မရဲစခန်းတွင်​ အဂတိလိုက်​စားမှုတိုက်​ဖျက်​​ရေး​ကော်​မရှင်​က တရားလိုပြုလုပ်​ပြီး ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ဖြင့် အမှုဖွင့်လှစ်ပြီး ​​​တရားစွဲဆို​ရေးအတွက် ဆောင်ရွက်လျက်ရှိသည်ဟု အဆိုပါရဲစခန်းမှစုံစမ်းသိရှိရသည်​။

R-15