News

POST TYPE

POLITICAL

တိုက်ကြီးတွင် ဖုန်းပြုပြင်၍ ရေဘေးကူညီရေးရန်ပုံငွေရှာ


တိုက်ကြီး၊ ဩဂုတ် ၄ 

တိုက်ကြီးမြို့ ဈေးရပ်ကွက် မြို့လယ်လမ်းတွင် ဩဂုတ်လ ၄ ရက်မှစ၍ နှစ်ရက်ကြာ ဖုန်းအခမဲ့ပြုပြင်ပေးပြီး ရေဘေးကယ်ဆယ်ရေး ရန်ပုံငွေရှာဖွေလျက်ရှိကြောင်း ဦးဆောင်သူ ကိုထက်ကိုကိုဦးက ပြောသည်။ 

“ကျွန်တော်တို့အဖွဲ့မှာ ဖုန်းပြင်ပေးသူ ၁၅ ယောက်နဲ့ လုပ်ဆောင်ပေးနေပါတယ်၊ ပျက်နေတဲ့ဖုန်းတွေကို အမြတ်မယူဘဲ အရင်းအတိုင်းနဲ့ ပြင်ပေးပြီး လက်ခကတော့ အခမဲ့ပါ၊ ပြီးရင်တတ်နိုင်သလောက် အလှူခံပုံးချထားတယ်၊ စေတနာရှိသလောက် လှူနိုင်ပါတယ်”ဟု ၎င်းက ရှင်းပြသည်။ 

အဆိုပါ ရရှိလာသော ရေဘေးကူညီရေးရန်ပုံငွေများကို ရွှေကျင်မြို့တွင် ရေကြီးနစ်မြုပ်မှုကြောင့် ရေဘေးသင့်သူများကို ကူညီကယ်ဆယ်ရန် လတ်တလောလျာထားကြောင်း တိုက်ကြီးမြို့ mobile service ညီအစ်ကိုများအဖွဲ့ထံမှ သိရသည်။

R-19