POST TYPE
POLITICAL
အသက်ငါးနှစ်အောက်ကလေး သုံးပုံတစ်ပုံမှာ အာဟာရချို့တဲ့မှု ခံစားနေရဟု စစ်တမ်းဆို
01-Aug-2018
ရန်ကုန်၊ ဇူလိုင် ၃၁
မြန်မာနိုင်ငံရှိ အသက်ငါးနှစ်အောက် ကလေးငယ် သုံးဦးလျှင် တစ်ဦးခန့်သည် အာဟာရချို့တဲ့မှုကို ခံစားနေရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြုလုပ်ခဲ့သည့် ၂၀၁၅-၂၀၁၆ ခုနှစ် လူဦးရေနှင့် ကျန်းမာရေးစစ်တမ်းအရ သိရသည်။
ကလေးငယ်များသည် အသက်ငါးနှစ် နောက်ပိုင်းတွင် ကြီးထွားဖွံ့ဖြိုးမှု မြန်ဆန်လာကြပြီး အတွေ့အကြုံအသစ်များကိုလည်း စတင်စူးစိုက် သင်ယူလာကြကြောင်း၊ ယင်းကဲ့သို့အချိန်တွင် အဓိကလိုအပ်မည့် အာဟာရအုပ်စုများကို မျှတစွာစားသုံးမှသာ ကလေးငယ်များ၏ ဦးနှောက်ဖွံ့ဖြိုးမှုသည်လည်း သက်ရောက်မှုရှိနိုင်မည်ဖြစ်ကြောင်း အာဟာရပညာရှင် ဒေါက်တာညီညီကျော်က ပြောကြားသည်။
“လိုအပ်တဲ့ အာဟာရဓာတ် မပြည့်ဝရင် ကလေးတွေရဲ့ ခန္ဓာကိုယ်ကြီးထွားမှု ဖြစ်စဉ်အတွက် လုံလောက်တဲ့ စွမ်းအင်ရှိမှာမဟုတ်ဘူး။ အထူးသဖြင့်က မနက်စာက ကလေးတွေအတွက် အရေးကြီးဆုံးပဲ။ မနက်စာကို ပြည့်ဝအောင်စားစေပြီးတော့ နေ့လယ်စာကိုလည်း ကောင်းကောင်းစားမှသာ သူတို့ရဲ့စွမ်းရည်ကို အသုံးချနိုင်မယ်။ ဒါမှလည်း စာသင်တဲ့အခါမှာ အာရုံစူးစိုက်နိုင်မယ်”ဟု ၎င်းက ရှင်းပြသည်။
မြန်မာနိုင်ငံရှိ အသက်ငါးနှစ်အောက် ကလေးငယ်များအတွင်း ၂၉ ရာခိုင်နှုန်းသည် ရှိသင့်သောအရွယ်အစားထက် ကြုံလှီနေပြီး ၈ ရာခိုင်နှုန်းမှာ အလွန်သေးငယ်ကြုံလှီနေကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ အစိုးရအဖွဲ့က ချမှတ်ခဲ့သည့် ၂၀၁၄ ခုနှစ် ကလေးသူငယ် စောင့်ရှောက်ရေးနှင့် ကျန်းမာကြံ့ခိုင်ရေးလုပ်ငန်းစဉ်တွင် မိဘများထံမှ ကောင်းမွန်သည့် ပြုစုစောင့်ရှောက်မှုမခံရဘဲ အာဟာရပြည့်ဝစွာ စားသုံးမှုမရှိသောကြောင့် အာဟာရချို့တဲ့နေကြသည့် ကလေးများသည် လေ့လာသင်ယူမှု အားနည်းကြပြီး အတန်းငယ်စဉ်၌ပင် ကျောင်းရပ်နားနိုင်ခြေ ပို၍များသည်ဟု ဖော်ပြထားသည်။
J-12
- VIA
- Thura Htun
- SOURCES
- The Voice
-
21-Feb-2019
-
21-Feb-2019
-
21-Feb-2019
-
21-Feb-2019
-
21-Feb-2019
-
21-Feb-2019
-
15-Feb-2019