News

POST TYPE

POLITICAL

ကြားဖြတ်ရွေးကောက်ပွဲမဲစာရင်း လူ ၁၀၀ ကျော်ဖြင့် စောင့်ကြည့်


မန္တလေး၊ ဇူလိုင် ၁၅

ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရန်ရှိနေသော ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူများစာရင်းကို ရပ်ကွက်ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် ကျေးရွာများ၌ ဇူလိုင်လ ၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကပ်ထားမည်ဖြစ်ရာ ယင်းမဲစာရင်းများကို လူဦးရေ ၁၀၀ ကျော်ဖြင့် လေ့လာစောင့်ကြည့်မှုများ ပြုလုပ်လျက်ရှိကြောင်း ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လုပ်ရှားမှုအဖွဲ့ (PACE) အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။

“မဲစာရင်းကပ်တာကို ပထမတစ်ပတ်က ကြည့်ပြီးပြီ။ အခုကရထားတဲ့ အချက်အလက်တွေကို စာရင်းသွင်းတာတွေ လုပ်နေပြီ။ ဆန်းစစ်လေ့လာချက်တွေတော့ ဒုတိယအကြိမ်မဲစာရင်းတွေ မကပ်ခင် ထုတ်ပြန်ပေးမယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မြန်မာတစ်နိုင်ငံလုံးမှ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ စောင့်ကြည့်မှုများကို လူ ၁၂၂ ဦးဖြင့် စောင့်ကြည့်လျက်ရှိပြီး ဇူလိုင်လ ၁၃ ရက်နေ့က ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ရွေးကောက်ပွဲအကြိုကာလ စစ်တမ်းတစ်ရပ်ကို ထုတ်ပြန်ထားပြီးဖြစ်ကြောင်း စိုင်းရဲကျော်စွာမြင့်က ထပ်မံပြောကြားသည်။  

M-05